မှိုင်း part 24 update 17.10.2021 5:35,PM
Unicode
အံတကြိတ်ကြိတ်ဖြင့် မျက်ရည်ကျလာသော မှိုင်းကြောင့် မင်းခ အံ့ဩတကြီးဖြင့် မျက်ရည်များကို သုတ်ပေးဖို့ လက်ရွယ်လိုက်တော့ မင်းခ လက်ကို ပုတ်ထုတ်လိုက်ပြီး မင်းခရင်ခွင်ထဲမှ အတင်းရုန်းထွက်တော့သည်။
"မလုပ်နဲ့ ခင်ဗျားကိုမုန်းမိလိမ့်မယ် တော်ပါတော့…"
ကယောင်ကတမ်း ရုန်းကန်ရင်း ပြောလာသော စကားတို့ကြောင့် မင်းခ မှိုင်း ကိုဆွဲဖမ်းချုပ်ပြီး ကြည့်လိုက်တော့ မှိုင်းရဲ့ မျက်လုံးများက နီရဲကာ ရီဝေနေဟန်
"မှိုင်း သတိထားဦး မှိုင်း…"
"ဟင်…"
မင်းခ အသံကြားမှ ဆတ်ခနဲ မင်းခကိုကြည့်ကာ ရုန်းကန်နေတာကို ရပ်သွားပြီး တွေတွေလေး ငေးနေသည်။မင်းခ မှိုင်းရဲ့မျက်ရည်စများကို သုတ်ပေးလိုက်ပြီးမှ ဘိုသီဘတ်သီ ဖြစ်နေသော မှိုင်းကို အရင်ဦးဆုံး ဖိနပ်ကိုပြန်ဝတ်ပေးလိုက်ကာ ရွဲ့စောင်းနေသော အင်္ကျီကို ပုံစံကျအောင် ပြင်ပေးလိုက်တော့ ငြိမ်ခံနေသော်လည်း တဆတ်ဆတ် တုန်ယင်လျက်။
မင်းခ စိတ်မကောင်းစွာဖြင့် တွဲထူပေးလိုက်ပြီး မှိုင်းကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ
"ဘာမှ မဖြစ်တော့ဘူး စိတ်လျှော့ ကိုယ်မှားသွားတာ…အကုန် ကို့အမှားတွေ နောက် မှိုင်းမကြိုက်ရင် ကိုယ် အတင်းအကြပ် မလုပ်တော့ဘူးနော်…တအားလန့်သွားလား…မှိုင်း မကျေနပ်ရင် ကိုယ့်ကို ရိုက်လိုက်…"
မင်းခက မှိုင်းကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးရင်းဆိုတော့ မှိုင်းဘာမှ မပြောသော်လည်း လန့်၍ ငြိမ်နေသည်က အသေအချာ။စိတ်ဒဏ်ရာ ရနေမည့်ကောင်လေးကို မင်းခက ရုတ်တရက်ကြီး အတင်းအကြပ် ဖိအားပေးလိုက်မိတာ မင်းခအမှား။
"ကျွန်တော် မကြိုက်ဘူး…"
မှိုင်း လေသံကိုခပ်မာမာ ပြောလိုက်သော်လည်း အသံများက တုန်ဝင်သွား၍ ရှိုက်သံ ပါသွား၏။
"ခင်ဗျားကိုယ်တိုင် ပြောခဲ့တာလေ။ကျွန်တော်က မိန်းကလေးတစ်ယောက်နဲ့ မဖြစ်မနေ လက်ထပ်ရမှာလို့။ခင်ဗျား ပါးစပ်က ထွက်ခဲ့တဲ့စကားကို ခင်ဗျားကိုယ်တိုင်က ဖျက်ဆီးနေတာပဲ"
BẠN ĐANG ĐỌC
မှိုင်း(Complete)
Lãng mạnUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...