မှိုင်း part 19 update 6.10.2021 3:45PM
Unicode
ကလော-တောင်ကြီး လမ်းမကြီးအပေါ် ပြေးလွှားနေသော ကားလေး တစ်စီး ထဲတွင်တော့ လူနှစ်ယောက် နဲ့ ခွေးလေးတစ်ကောင်က တိတ်ဆိတ်စွာ တည်ရှိလျက်။
မနက်စောစော တောင်ကြီးကားနဲ့ ပြန်မယ် တကဲကဲ လုပ်ကာ ထွက်သွားသော မှိုင်းကြောင့် မင်းခ ကားဂိတ်ရှိ တောင်ကြီးထွက်မည့် ကားပေါ်မှ မှိုင်းကို ဆွဲချကာ ကိုယ်တိုင် လိုက်ပြန်ဖို့ ပြင်လိုက်တော့၏။
ကားပေါ်ရောက်သည်နှင့် တစ်ဖက်ကို မျက်နှာလှည့်ကာ နားကြပ်တပ်ပြီး အိပ်ပျော်သွားသော မှိုင်းကြောင့် မင်းခမှာ ရီရအခက် ငိုရအခက်ဖြင့်
အဲ့လောက်ကြီး စိတ်ဆိုးစရာ လိုလို့လား။လေသံလေး နဲနဲမာပြီး စိုင်းယံနဲ့ မပက်သက်ရန် ပြောသည်ကို မင်းခကို တင်မက ချာချာကိုပါ အနားကပ် မခံတော့ပဲ စိတ်ဆိုးသည်တဲ့လေ။
မင်းခ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်နဲ့ အသားမကျစွာ အထီးကျန်လာ၍ တွေ့ရာ သီချင်း ကောက်ဖွင့်လိုက်တော့
🎶🎶ကမ္ဘာဟာ သူ့အချိန်တိုင်းသူ
လည်ပတ် ဦးမှာပါ…
ဆောင်းတွေမိုးတွေ မလွတ်တမ်း
ရောက်လာနေကြ…
တကယ်တို့ဝေးရင် တစ်ရက်တော့ငိုကွာ…
ကိုယ်စီ အသက်ရှင်ရမယ်
မပျော်လည်း တို့ဘဝတွေမှာ…🎶🎶မင်းခက မြန်မာသီချင်း တော်တော်များများနဲ့ အလှမ်းဝေးနေသော်လည်း ဒီသီချင်းလေးကို သဘောကျမိ၍ အဓိပ္ပါယ် သေချာ နားလည်အောင် ထပ်ခါထပ်ခါ နားထောင်မိသည်။
*ကိုယ်က ဝေးခွင့်ပေးမှာ မဟုတ်လို့ ကိုယ့်ဆီကနေ ထွက်သွားခွင့် မရှိဘူး မှိုင်းငယ်လေး*
🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤🖤
တောင်ကြီးအိမ် ပြန်ရောက်သည်အထိ အိပ်မောကျနေသော မှိုင်းကြောင့် မင်းခ ကားပေါ်မှ မဆင်းသေးပဲ နောက်ခုံကို မှီကာ အိပ်ပျော်နေသော မှိုင်းကို မလွတ်တမ်း ငေးကြည့် နေမိသည်။
ထို့နောက် ကားပေါ်မှ ဆင်းကာ မှိုင်းဘက်က တံခါးကို ဆွဲဖွင့်ပြီး မှိုင်းကို အသာအယာ မ ချီလိုက်တော့ စွေ့ခနဲ
![](https://img.wattpad.com/cover/279939126-288-k734227.jpg)
CITEȘTI
မှိုင်း(Complete)
DragosteUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...