မှိုင်း Extra
'ဒုန်း ဒုန်း!'
"ဒီဒီရေ ဒီဒီ!"
မိမိအိမ်ထောင်ဘက်လေးကို ရင်ခွင်ထဲ ထည့်ကာ ဇိမ်ယူနေစဉ် ကြားလိုက်ရသော ဆူညံသံများကြောင့် ဦးမင်းမြတ် တစ်ယောက် မျက်နှာထားမှာ တင်းခနဲ။
"ဒီ အလိုက်ကမ်းဆိုး မသိတဲ့ ကောင်ကတော့ကွာ"
ဦးမင်းမြတ် မကျေမချမ်းရေရွတ်ရင်း အခန်းတံခါးကို ဆောင့်အောင့် ဖွင့်ပေးလိုက်တော့ သကောင့်သားက လစ်ခနဲ ကုတင်ပေါ် ပြေးတက်သွား၏။
"ဒီဒီရေ ထပါတော့ဆို ထတော့ နောက်ကျနေမယ်။ဒီနေ့ သင်္ကြန်အကျနေ့"
ခေါင်းမြီးခြုံကာ ခွေခွေလေး အိပ်မောကျနေသော ဒီဒီ စောင်ကို ဆွဲလှန်ကာ နှိုးလိုက်တော့ ဒီလေးမျက်လုံးများက ဖျတ်ခနဲ ပွင့်လာသည်။
"ပြန်အိပ်မယ် မကြံနဲ့နော် အလှလေး အိပ်ယာပေါ်အထိ ရေလောင်းပစ်မယ် ထတော့ မွ"
ရီပေါက်စ ဒီလေးပါးကို ဖျတ်ခနဲနမ်းပြီးနောက် အပေါ်ပိုင်း ဗလာကျင်းဖြင့် ပေစောင်းပေစောင်း ကြည့်နေသော ခွန်မင်းမြတ်ကို စူးစိုက်ကြည့်ကာ မှင်သေသေ မျက်နှာပေးလေးဖြင့်
"အန်ကယ်ကြီး ခေါင်းပေါ်မှာ ဆံပင်ဖြူ"
"ဟင်"
ရီရီ့ အပြောကြောင့် ခွန်မင်းမြတ် ဟင်ခနဲ ဖြစ်သွားပြီး မှန်ရှေ့ အပြေးအလွှားသွားကာ
"ဘယ်နားမှာလဲ"
"ညာဘက်နားလေးမှာ တစ်ပင်မကဘူးထင်တယ်"
ဟိုလှည့် ဒီလှည့်ဖြင့် ဆံပင်ဖြူ ရှာနေသော ခွန်မင်းမြတ်ကို ကြည့်ကာ ရီရီကြိတ်ရယ်လိုက်ပြီး ပါးပါးနဲ့ ဒယ်ဒီတို့အခန်းသို့ လစ်ထွက်လာလိုက်သည်။
ဒီဒီ အိပ်ရာမှ ကမန်းကတမ်းထ ကိုယ်လက်သန့်စင်ပြီး အခန်းထဲ ပြန်ဝင်လာစဉ် မှန်ရှေ့ ချာလပတ်လည်နေသော လူကြီးကြောင့် မျက်ခုံးပင့်မိသွားပြီး
"ဦးမင်းမြတ် ခင်ဗျား ဘာလုပ်နေတာလဲ"
ဒီဒီ အမေးကြောင့် ခွန်မင်းမြတ် ခေါင်းကုတ်ကာ ဆံပင်ကို ဆွဲဖွလိုက်ပြီး ဟူးခနဲ သက်ပြင်းချရင်း
YOU ARE READING
မှိုင်း(Complete)
RomanceUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...