part 37(Uni)

4.7K 313 23
                                    

မှိုင်း part 37

တစ်နေကုန် လည်ပတ် ပျော်ပါးထားသော အကျိုးကျေးဇူးကြောင့် အိမ်ပြန်လမ်းတွင်တော့ အကုန်လုံး ပင်ပန်းကာ ‌ကားပေါ် ခွေခေါက် မှီရင်း အိပ်ပျော်သွားကြတော့၏။

မင်းမြတ် ပေါင်ပေါ်ကို ခေါင်းတင်ကာ အိပ်နေသော DDကြောင့် မင်းမြတ် အော်ဖို့ ပြင်လိုက်သော်လည်း ခွေခေါက်ကာ အိပ်နေသော DDနဖူးကို စမ်းလိုက်တော့ ထင်သည့်အတိုင်း အနာရှိန်ဖြင့် အဖျားတက်လေပြီ။

မေလည်း တဖြည်းဖြည်း ငိုက်စင်းလာ၍ မှိုင်း ပုခုံး ပေါ်မှီကာ မှိန်းနေသော်လည်း လူကြီးများ ပါနေ၍ အမြင်မတော်သောကြောင့် ယိင်း ပေါင်ပေါ် ခေါင်းတင်ကာ အိပ်မောကျသွားတော့သည်။

ဤသို့ဖြင့် ထောင့်ကပ်ကာ အိပ်သူကအိပ် ခွေခေါက်ကာ အိပ်သူက အိပ်ဖြင့် မင်းမြတ် light truck ငှားလာ၍ သာ တော်သေးသည်ဟု ဆိုရမည်။

မှိုင်းလည်း တစ်နေကုန် လည်ပတ်ကာ ပင်ပန်းနေပြီဖြစ်၍ အဝတ်ထုပ်ကို ခေါင်းခုကာ အိပ်မောကျသွားတော့သည်။

မင်းခက ထားနဲ့ နေရာလဲလိုက်ကာ မှိုင်းဘေးတွင် ဝင်ထိုင်လိုက်ပြီး မှိုင်းမျက်နှာလေးကိုသာ ငေးကြည့်နေမိ၏။

ဝေသစ်က ရှေ့ခန်းတွင် သွားထိုင်နေပြီး မင်းမြတ်နဲ့ မင်းခ နှစ်ယောက်ထဲသာ မအိပ်ပဲ ငုတ်တုတ်ထိုင်နေရသည်။

"မင်း ဆန္ဒအတိုင်းပဲလေ။သူ မိန်းကလေး တစ်ယောက်နဲ့ လက်ထပ်တော့မယ်"

မင်းမြတ် စကားကို မင်းခအနေနဲ့ ဘာကိုမှ ခွန်းတုန့်မပြန်မိ။

"ကျွန်တော် မြန်မာပြည်ကို မပြန်လာခဲ့သင့်ဘူး"

မင်းခ ဘဝတစ်လျှောက်က လုပ်ခဲ့သော အမှားများထဲတွင် နောင်တအရဆုံး တစ်ခုမှာ မြန်မာပြည်ကို ပြန်လာမိခဲ့ခြင်း။

"ဒါဆို ငါ့ဘဝရဲ့ အကြီးဆုံး အမှားကလည်း ငါ့ကိုယ်ငါ အထင်ကြီးမိခြင်းဘဲ။ငါ မောင်နဲ့ မချစ်ခဲ့သင့်ဘူး"

မင်းမြတ်က DDကို ငုံ့ကြည့်ကာ ပြောနေ၍ မင်းမြတ် စိတ်ထဲ ဘာတွေတွေးနေလဲ မင်းခ မသိရ။

"မင်း သူ့ကို ချစ်နေတာပဲ ဘာလို့ တခြားကိစ္စတွေ ထည့်တွက်နေရမှာလဲ။မှိုင်းက တကယ့်ကို ဇွတ်တရွတ်နဲ့ အရွဲ့တိုက်ဖို့ပဲ သိတဲ့ ကောင်ဆိုးလေး…သူမင်းကို ဆက်ပြီး အရွဲ့တိုက် နေဦးမှာပဲ…မိန်းမ တစ်ယောက် ယူပြီးတဲ့အထိ ဒါမှမဟုတ် ကလေးတစ်ယောက် ရတဲ့အထိ စောင့်နေမှာလား…"

မှိုင်း(Complete)Where stories live. Discover now