Part-3

11.4K 626 54
                                    

Unicode

"အန်ကယ်လေး မှိုင်း ဒီမှာ မနေချင်တော့ဘူးလို့"

မင်းမြတ် ပခုံးကို မှီကာ ဂျီကျနေသော မှိုင်းကြောင့် မင်းမြတ် သက်ပျင်း ချမိသည်။

"နဲနဲလောက် ထပ်နေလိုက်ပါဦး မှိုင်းရယ်သက်သာသွားမှ ပြန်ကြမယ်လေ"

မင်းမြတ်ရဲ့ စကားကြောင့် မှိုင်း ဦးတည်ရာမှာ မင်းခဘက်သို့ ပြောင်းသွားပြီး

"ဦးငယ် ပြောကူပါဦး မှိုင်းက သက်သာနေပြီလေ။ဒီမှာ နေရတာ ပိုပြီးမွန်းကြပ်လို့ပါ။"

မင်းခအင်္ကျီကို ဆွဲကာ တဂျစ်ဂျစ် လုပ်နေသော မှိုင်းကြောင့် မင်းခမှာ မျက်နှာငယ်လေးဖြင့် မင်းမြတ်အား အကြည့်ဖြင့် အကူအညီ တောင်းလာသည်။ဖြစ်ပျက်နေသော မင်းခပုံစံကို ကြည့်ရင်း ကြိတ်ခွီနေရသူမှာ မင်းမြတ်ဖြစ်၏။

"ကဲ တော်တော့ မှိုင်းရေ အန်ကယ်လေး ခေါင်းတွေနောက်လာပြီ။မင်းခ မင်းဘယ်လို လုပ်ချင်လဲ"

မင်းမြတ် မှိုင်းကို တစ်ချက် ငေါက်ပြီး မင်းခကို လှမ်းမေးသော စကားကြောင့် မှိုင်းမျက်နှာလေးမှာ စူပုပ်ပုပ်။

"သူလည်း သက်သာနေပြီဆိုတော့ ပြန်ချင်နေမှာပေါ့။အိမ်ကို ခေါ်ပြန်ပြီး နားခိုင်းရင်လည်း ပြသနာ မရှိလောက်ပါဘူး"

ဤသို့ဖြင့် မင်းခရဲ့ ရှေ့နေလိုက် ပေးမှုကြောင့် မှိုင်းတစ်ယောက် ဆေးရုံဆင်းခွင့် ပါမစ် ရသွားတော့သည်။

မှိုင်းတစ်ယောက် အိမ်သို့ပြန်ရောက် သော်လည်း မင်းခနဲ့ မင်းမြတ်မှာ မျက်စိအောက်မှ အပျောက်မခံပဲ တောက်လျှောက် စောင့်ကြည့်နေ၍ မှိုင်း အနေကြုံ့လာ၏။

ဒါတင်မက သီဟနဲ့ ယိင်းကပါ အလိုတူ အလိုပါဖြင့် မှိုင်း အပြင်သွားတိုင်း ဘဲပေါက်ကြီးလို တကောက်ကောက် လိုက်နေ၍ မှိုင်းကိုယ်မှိုင်း လမ်းပြဘဲအမေကြီးလို ခံစားနေရသည်။

ပြောရင်းဆိုရင်းဖြင့် အင်နိုးစန့်ရုပ်လေးတွေဖြင့် သီဟနဲ့ယိင်းသည် Cafe Kalaw တွင် ထိုင်နေသည်မှာ 15မိနစ် မပြည့်သေးသော မှိုင်းဆီသို့ ရောက်ချလာ ပြန်၏။

မှိုင်း(Complete)Where stories live. Discover now