part 13(Uni)

7.5K 440 25
                                        

မှိုင်း part 13 update 25.9.2021 11:20PM

Unicode

မင်းခ နာရီကို လှမ်းကြည့်လိုက်တော့ ည11နာရီကျော်ပြီ ဖြစ်၍ ထုံးစံအတိုင်း မှိုင်း အခန်းထဲသို့သွားကာ အနမ်းသူခိုး လုပ်ဖို့ ကြံလိုက်သည်။မင်းခ မှိုင်းရဲ့ အခန်းတံခါးလေးကို အသာအယာ ဖွင့်လိုက်ပြီး ကြမ်းပြင်ကို ခြေသံမထွက်စေပဲ ခပ်ဖွဖွ နင်းကာ ဝင်လာလိုက်၏။

မင်းခမှာ သိသိသာသာဖြစ်စေ မသိမသာဖြစ်စေ မှိုင်းရဲ့ စားချိန်အိပ်ချိန်များကို သေချာ ဂရုစိုက်ထားပေး၍ ယခင်က ပိန်ညောင်နေသောမှိုင်းမှာ အသားလေးပြည့်လာသလို ယခင်ကထက် အသားလေးက ပိုဖြူလာသည်။

မင်းခ ထုံးစံအတိုင်း မှိုင်းရဲ့ မျက်တောင်ကော့ကော့ မျက်ခွံ နဖူးများကို တယုတယ ထိတွေ့လိုက် အနမ်းဖွဖွပေးလိုက် လုပ်နေပြီး စောင်ကို အသာအယာခြုံပေးလိုက်ကာ နောက်ဆုံးပိတ်အနေနဲ့ နှုတ်ခမ်းပါးပါးလေးကို တယုတယ အနမ်းလေးပေးပြီးမှ ပြန်ထွက်လာ၏။

ဤသည်က မင်းခ ကိုယ်တိုင် သတိမထားမိလိုက်သော နေ့စဉ် သမာရိုးကျ အလုပ်များထဲမှ တစ်ခု ဖြစ်နေတော့သည်။

Next morning----------

မင်းခ အိပ်ရာမှ နိုးသည်နှင့် မှိုင်း အခန်းကိုသွားကာ တံခါးကို ခေါက်၍ နိုးလိုက်သည်။

"မှိုင်းရေ မှိုင်း…"

မကြာခင် ညင်သာသော ခြေသံနဲ့အတူ မှိုင်း အခန်းတံခါးက ပွင့်လာပြီး အိပ်ချင်မူးတူးမျက်နှာလေးကို လက်ဖြင့် ပွတ်သပ်နေသော ပုံရိပ်ကလေးက မင်းခ ရှေ့တွင်ပေါ်လာ၏။

"မှိုင်း ဒီနေ့ စောစောသွားရမယ်ဆို"

မင်းခ စကားကြားမှ မှိုင်း အိပ်ချင်ပြေသွားပြီး

"ဟုတ်သားပဲ ကျေးဇူး လေးငယ် ကျွန်တော် ရေချိုးရဦးမယ်"

မှိုင်း အမောတကောဖြင့် ရေချိုးခန်းထဲ ပြေးဝင်သွား၍ မင်းခ သဘောတကျ ပြုံးလိုက်မိပြီး

"ရှိုးထုတ်ဖို့ကို တော်တော်လေး စိတ်အား ထက်သန်နေတာပဲ"

မင်းခ ကိုယ့်ဘာသာ ရေရွတ်လိုက်ကာ အခန်းထဲသို့ ပြန်ဝင်လိုက်ပြီး ကိုယ်လက်သန့်စင်ပြီး ပြင်ဆင်ရတော့သည်။ယနေ့ ရာသီဥတု ကြည်လင်နေ၍ မင်းခ စိတ်ကြည်နေသောကြောင့် ရှပ်အင်္ကျီ အဖြူ လက်ရှည်ကို style pantနဲ့ တွဲဝတ်လိုက်တော့ ယခင် ပုံစံများထက် ပိုပြီး လူငယ် ဆန်နေဟန်ဖြင့်။အပေါ်ထပ်ဝတ်မည့် Coat ကိုယူလိုက်ပြီး တခြားပစ္စည်းပစ္စယများကို ယူလိုက်ကာ အောက်ထပ်သို့ ဆင်းလာလိုက်၏။

မှိုင်း(Complete)Onde histórias criam vida. Descubra agora