Part 10(Zawgyi)

381 19 2
                                        

မှိုင်း part 10

"လေးငယ် ဒီမှာပဲ ဆင်းလိုက်တော့မယ်။လမ်းကြားထဲ ကားဝင်လို့ အဆင်မပြေလောက်…"

မှိုင်းပြောနေရင်း တန်းလန်း မင်းခဘက်လှည့်လိုက်တော့ မင်းခရဲ့ အကြည့်စူးစူးတို့ကြောင့် ပါးစပ်ပိတ်‌လိုက်ရသည်။

မုန့်ကို တမြုံ့မြုံ့ဝါးရင်း စကားများနေသော ပေါက်စကြောင့် မင်းခ အကြည့်တစ်ချက် ပေးလိုက်ကာ လမ်းကြားထဲသို့ကားကို ဝင်လိုက်ပြီး ကျူရှင်ဖွင့်ရှေ့တွင် ကားကိုရပ်လိုက်၏။

မှိုင်း ကားပေါ်မှဆင်းရန် တံခါးကို ဖွင့်လိုက်တော့ ဖွင့်မရ

"ဟမ် ???"

ဘာလဲ ဟူသည့် သဘောဖြင့် မင်းခဘက်ကို လှည့်ကြည့်လိုက်တော့ မင်းခက အေးအေးလူလူဖြင့်

"အစားကို ကုန်အောင်စားပြီးမှ သွားရမယ်"

မင်းခ စကားကြောင့် မှိုင်း မျက်နှာအိုကျသွားပြီး

"လေးငယ် မနက်က တမင်မနိုးလို့ နောက်ကျတာလေ"

မှိုင်းစကားကို အဖတ်မလုပ်ပဲ မင်းခ လက်တွင်ပတ်ထားသော လက်ပတ်နာရီကိုကြည့်လိုက်ပြီး

"အင်း…တမင်တကာကို လာမနိုးတာ။နားလိုက်ပါ ဆိုတာကိုမနားဘူး။ဖျားချင်နေတာကို တရက်လောက် နားလိုက်သင့်တာ။အခုမှ 8နာရီအတိပဲ ရှိသေးတယ်။စကားဆက် များနေရင် အိမ်ပြန် နားခိုင်းလိုက်တော့မယ်။"

နောက်ဆုံးတော့ မှိုင်းလည်း ဆူပုတ်ပုတ်နဲ့ လက်လျှော့ကာ လက်ကျန် Sandwichကို တမြုံ့မြုံးဝါးရင်း ‌Coffeeနဲ့ မျောချလိုက်ရသည်။

"စားလို့ ပြီးပြီ သွားတော့မယ်"

မှိုင်း ဆောင့်ကြီးအောင့်ကြီးပြောကာ ကားတံခါးကို ဖွင့်သော်လည်း ပွင့်မလာပြန်။မှိုင်း ငိုမဲ့မဲ့ဖြင့် မင်းခအား စောင်းကြည့်လိုက်တော့ မင်းခရဲ့ကိုယ်က မှိုင်းဘက်ကို စောင်းလာပြီး  မှိုင်းရဲ့ ပွယောင်းယောင်းဆံပင်ကို ပုံစံတကျ ဖြစ်သွားစေရန် ပြင်ပေးလိုက်သလို ရွဲ့စောင်းနေသော အင်္ကျီကိုလည်း သေချာ တည့်မတ်ပေးလိုက်သည်။ထို့နောက် မှိုင်းရဲ့ နှုတ်ခမ်းပါးလေးကို လက်မဖြင့် ဖိပွတ်ကာ

မှိုင်း(Complete)Tempat di mana cerita hidup. Terokai sekarang