part 22(Uni)

6.4K 382 20
                                    

မှိုင်း part 22 update 10.10.2021 9:25PM

Unicode

မင်းခ မှိုင်းကို အဝတ်အစားလဲပေးကာ ရေပတ်တိုက်ပေးရင်း ရစ်ထုပ်မှိုင်း ရဲ့ ရစ်နည်းအသွယ်သွယ်ကို တွေးမိကာ ပြုံးမိသွားပြန်သည်။အိမ်ပြန်မရောက်ခင်က

"မှိုင်း တော်တော့"

မင်းခ ပါးစပ်ကပြောရင်း မှိုင်း သောက်လက်စ ဘူးကို လှမ်းဆွဲကာ ပါးစပ်ထဲ အကုန် မော့ချလိုက်တော့ မင်းခ လက်မောင်းကို တဖတ်ဖတ် ရိုက်ပြီး

"အာ လေးငယ်…တစ်နှစ်မှာ တစ်ခါလေး ပျော်ရတဲ့ပွဲကို လွတ်လွတ်လပ်လပ်လေး ပျော်ပါရစေလို့…"

မင်းခ လက်မောင်းကို ဆွဲရမ်းကာ မှိုင်း ဆူပုတ်ပုတ်နဲ့ ပြောနေသော်လည်း မျက်လုံးက ပွင့်မလာ။မင်းခကိုယ်ပေါ်ကို ပစ်မှီကာ တဖြည်းဖြည်း လျှောကျလာ၍ မင်းခ ပွေ့ချီလိုက်ပြီး ကားပေါ်တင်ဖို့ပြင်လိုက်တော့ ပလပ်ကျွတ်နေသော တစ်အုပ်စုလုံးမှာ ကျဉ်းကျဉ်းကျုပ်ကျုပ်ဖြင့် နေရာအပြည့် မှောက်နေကြပြီး ကိုမင်းမြတ်က ဒီလေးပေါ် မှီကာအိပ်နေ၍ ဒီလေးခမျာ မနိုင်မနင်းဖြင့် မ ထားရသည်။

"မင်းတို့ လမ်းကြောအတိုင်း ပြန်လာခဲ့လိုက် ငါမှိုင်းကို ခေါ်ပြီး လမ်းကြားတွေကနေ အရင် ပတ်ပြန်လိုက်မယ်"

"ရလို့လား boss လမ်းက တော်တော်လျှောက်ရဦးမှာ။boss ပင်ပန်းနေဦးမယ်"

ဝေသစ် ကို မင်းခ ခေါင်းညိမ့်ပြလိုက်ပြီး

"ရတယ် အဲ့လောက်အပန်းမကြီးဘူး။ငါသွားနှင့်ပြီ"

မင်းခ မှိုင်းကို ကျောပိုး၍ ပြန်လာစဉ်

"ဦးမင်းခ…"

"အွန်း…"

မင်းခ လည်ပင်းကို ဖက်တွယ်ထားသော လက်များက မင်းခ ရင်ဘတ်ကို ဆွဲဆိတ်လိုက်ပြီး

"ဘာ အွန်းလဲ…ဗျာလို့ထူး ဗျာလို့…"

မင်းခ ပြုံးမိသွားပြီး

"ဗျာ…"

ထိုအခါမှ မှိုင်းက ကျေနပ်သွားဟန်ဖြင့်

"အွန်း…အောက်ချပေးဦး ခေါင်းမူးတယ်"

"သေအောင် သောက်တာကိုး မမူးပဲနေမလား ငြိမ်ငြိမ်နေ"

မှိုင်း(Complete)Tahanan ng mga kuwento. Tumuklas ngayon