part 21(Uni)

6.1K 386 34
                                    

မှိုင်း part 21 update 9.10.2021 8:25PM

Unicode

ဒီလေးကျော် ဆိုသည့် နာမည်ကြောင့် မင်းမြတ် မျက်ခုံးပင့်မိသွားသည်။

"မင်းက ငါ့ကို သိတယ်ပေါ့"

မင်းမြတ် အမေးကို ခေါင်းတဆတ်ဆတ် ငြိမ့်ပြရင်း

"မှိုင်းက သူ့ကို အရမ်းချစ်တဲ့ အန်ကယ်လေး ‌အကြောင်းကို အမြဲ ပြောပြပါတယ် ဦး"

မင်းမြတ် မျက်ခုံးများ ပြန်လည် မြင့်တက် သွားရသည်။

"ဟို…ကျေးဇူးပါ အန်ကယ်လေး DD သွားလိုက်ဦးမယ်"

မင်းမြတ်ကို ကျော်ကာ ထွက်လာတဲ့အချိန်တွင် Dလေး မျက်နှာတစ်ခုလုံး အပြုံးတို့ဝေလျက်။ရှမ်းလွယ်အိတ်ထဲ ဖျော်ရည်ဘူးနဲ့ လိမ္မော်သီးများ ထည့်နေသော မှိုင်းဆီသို့ ဒီလေး ခပ်သွက်သွက်ပြေး ဖက်လိုက်ပြီး

"မှိုင်းလေးရေ ဟဲဟဲ"

ဒီလေးရဲ့ ထူးထူးဆန်းဆန်း ခေါ်သံကြောင့် မှိုင်း မှာ ပြူးကြောင်ကြောင်လေးကြည့်ကာ မှိုင်းပုခုံးကို ဆွဲဖက်ထားသော ဒီလေးလက်များကို အလန့်တကြား ပုတ်ထုတ်လိုက်ပြီး

"ဘာတွေကြံနေတာလဲ ကျောချမ်းစရာကြီး…"

ဒီလေးက ဟက်ခနဲရယ်ရင်း မှိုင်းခေါင်းကို ချိုင်းကြား ညှပ်လိုက်ပြီး

"နေဦး ပြေးမယ်မကြံနဲ့"

"ကိုဒီလေးကျော် ခင်ဗျား ကျုပ်ကို ကြိုက်နေတာလား မလုပ်ကောင်းဘူးနော်…"

ဒီလေး ဟွန့်ခနဲ့ မျက်နှာမဲ့ ကျသွားပြီး

"မင်းကို ကြိုက်စရာလား။ငါက မိန်းကလေးပဲတွဲခဲ့တာ အဖြောင့်ကွ။အခုတော့ ကွေးသွားပြီ တူလေးရေ…ငါ့ကိုအောင်သွယ်ပေး"

မှိုင်းစိတ်လေသွားသည်။

"တွဲစရာ အချောအလှတွေ အများကြီးရှိတာကို ကျွန်တော့် ဦးလေးကိုတော့ မကြံစမ်းပါနဲ့ မောင်မင်းကြီးသားရေ…"

"အတည်ပါ‌ဆို အတည်လေကွာ…လုပ်ပါ မှိုင်းရ ငါမပွေမရှုပ်တော့ဘူး ဂတိပေးပါတယ် promise…promise"

မှိုင်းနဲ့ ဒီလေးကျော် ခေါင်းချင်းဆိုင်ပြီး ပွစိပွစိလုပ်နေစဉ် သတိမထားမိကြသည်မှာ မျက်နှာကြီး မဲကာ ရပ်နေသော မင်းခ။လိုတာထက် ပိုရင်းနှီးနေသော ထိုနှစ်ယောက်ကို ကြည့်ပြီး မင်းခ လူချင်းဆွဲခွာ ပစ်ချင်စိတ်က တစ်ဖွားဖွား။သီဟနဲ့တောင် လက်ပွန်းတတီး မနေတတ်သော မှိုင်းမှာ အဲ့ကောင်နဲ့ကြမှ မပူးရုံတမယ် ကပ်နေကြသည်မှာ မင်းခ အမြင်တွင် လုံးဝ မသင့်တော်နေ။

မှိုင်း(Complete)Donde viven las historias. Descúbrelo ahora