Part-7(Uni)

7.3K 527 20
                                    



9/9/2021(10:06PM) update

Unicode

ပျော့ခွေနေသော ပေါက်စလေးကို မင်းခ စောင်ကိုဆွဲခြုံပေးပြီး နဖူးကို စမ်းကြည့်လိုက်တော့ တအားပူကျစ်မနေတော့ သော်လည်း ခပ်နွေးနွေးဖြစ်နေသေးသည်။

မနက်ပိုင်း အပြင်သွားထား၍ ပင်ပန်းလာသည့်အပြင် ဒဏ်ရာ အရှိန်နှင့်ရောသွား၍ မှိုင်း တစ်ညနေလုံး နိုးမလာတော့ပဲ ဆက်တိုက် အိပ်မောကျနေ၏။

မင်းခ နာရီကိုကြည့်လိုက်တော့ ညနေ6နာရီခွဲနေပြီ ဖြစ်သော်လည်း အိပ်ရင်း တစ်ချက်တစ်ချက် ထယောင်နေသော မှိုင်းကို စိတ်မချ၍ ‌ညစာလည်းထွက်မစား ဖြစ်တော့။

"ကိုကို…"

ကယောင်ကတမ်း ထယောင်နေသော မှိုင်းကြောင့် မင်းခ သက်ပြင်းချမိသည်။

"မမေ့နိုင်သေးဘူးလား"

မင်းခရဲ့ စကားကို မှိုင်းတစ်ယောက် ကြားမည်မဟုတ်မှန်းသိနေသော်လည်း ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်။

"ကိုကို…"

ကိုယ်နဲ့ မသက်ဆိုင်တဲ့ နာမ်စားကို ခေါ်ရင်း တအင့်အင့် ရှိုက်ငိုလာသော မှိုင်းကြောင့် မင်းခ မှိုင်းမျက်နှာလေးကို ခပ်ဖွဖွတို့ရင်း ကပျာကယာ နှိုးရတော့သည်။

"မှိုင်း… မှိုင်း"

မင်းခ မှိုင်း ကိုယ်လုံးသေးသေးလေးကို ပခုံးမှဆွဲကာ နှိုးလိုက်တော့ မှိုင်း မျက်လုံးများက ဆတ်ခနဲ ပွင့်လာ၏။

"ရေနဲနဲသောက်လိုက်"

မင်းခ ပါးစပ်ကပြောရင်း ဖန်ခွက်ကို မှိုင်းပါးစပ်နားတေ့ပေးလိုက်မိသည်။ထို့နောက် ချွေးများရွှဲနေသော မှိုင်းကို တဘက်တစ်ထည်ဖြင့် သုတ်ပေးပြီး

"ဗိုက်ဆာနေလား ကိုယ်စားဖို့တခုခု လုပ်ပေးရမလား"

မင်းခ အမေးကို မှိုင်း ခေါင်းခါပြရင်း

"မှိုင်း ဗိုက်မဆာပါဘူး။ဦးငယ် ညစာ မစားရသေးဘူးလား"

"ကိုယ် စားပြီးပါပြီ"

မင်းခ သူနဲ့ပက်သက်သမျှကို စိတ်မပူပန်စေချင်၍ မှိုင်းအပေါ် အဖြူရောင်မုသားသုံးလိုက်မိသည်။

မှိုင်း(Complete)Where stories live. Discover now