Part 34(Unicode)

5.5K 308 17
                                    

မှိုင်း part 34

အပေါ်စီးမှ မြင်နေရသော ရှုခင်းကျယ်ကြီးကို တမေ့တမော ငေးမောရင်း မျက်စိအစာကျွေးမိသည်။ဖြူလွလွ တိမ်တိုက် စိမ်းလန်းနေသော တောင်တန်းကြီး ဟိုတစ်ကွက် ဒီတစ်ကွက် မြင်နေရသော ယာခင်းကြီးများ။

"နေရာလှလှလေးမှာနေပြီး ပေါ့ပေါ့ပါးပါး နေရတာလည်း သုခတစ်မျိုးပါပဲလား"

မေဟက်ဆန်က တွေးတွေးဆဆဖြင့် ရေရွတ်လိုက်၍ မှိုင်း ခေါင်းညိမ့်ထောက်ခံမိသည်။မှိုင်းတို့အပြင် နောက်ထပ် တောင်တက် အဖွဲ့တစ်ဖွဲ့သာ ရှိနေ၍ လူများမနေဘဲ တိတ်တိတ်ဆိတ်ဆိတ်ဖြင့်သာ ပုံရိုက်သူကရိုက် အနားယူသူက အနားယူဖြင့် လိုအပ်သည်ထက်ကို ပို၍ တိတ်ဆိတ်နေ၏။ယခင်ကထက် ပိုပြီး ငြိမ်သက်နေသော ဦးမင်းခက တောင်စွန်းတွင် ပေါက်နေသော သစ်ပင်ကြီးအောက်တွင် ရပ်ကာ အဝေးကို လှမ်းမျှော်ကြည့်နေသည်။

ပူလောင် အိုက်စပ်နေဟန်ရှိ၍ အပေါ်အင်္ကျီချွတ်ထားသောကြောင့် ဝတ်ထားသော တီရှပ်အောက်မှ ရင်အုပ်ကျယ်ကြီးနှင့် six packs ကို ရေးရေး မြင်နေရ၏။လက်ထဲ ကိုင်ထားသော ရေဘူးကို ဖွင့်ဖောက်လိုက်ပြီး မော့ချလိုက်သောအခါ ထင်ထင်ရှားရှား မြင်နေရသော အာဒံပန်းသီးလေးကြောင့် ဖြတ်သွားသော ကောင်မလေးတချို့မှာ ရှက်သွေးဖြာကုန်ကြသည်။

မှိုင်း နှာခေါင်းရှုံ့ရင်း မေ့နားသာ သွားနေလိုက်၏။

မင်းမြတ်တစ်ယောက် ဝါးခုံပေါ် ခြေဆင်းထိုင်နေသော ဒီလေးဘေးတွင် ဝင်ထိုင်လိုက်သောအခါ မင်းမြတ်ကို စောင်းငဲ့ကြည့်လာ၏။

"မလိုက်လာနဲ့ ပြောသားပဲ။ပြန်ဆင်းနိုင်ပါတော့ မလား"

မင်းမြတ်စကားကြောင့် ဒီလေးတစ်ယောက် မကျေမချမ်းဖြင့် ပွစိပွစိ ရွတ်တော့၏။

"သူတို့ကြ လည်ပတ်ပြီး တစ်ယောက်ထဲ နေခဲ့ခိုင်းတိုင်း နေခဲ့စရာလား။မကူချင်နေ အနာပေါ် ဆားလာမဖြူးနဲ့။ခြေထောက်နဲ့ ပြန်မဆင်းနိုင်ရင် တောင်ပေါ်ကနေ လှိမ့်ဆင်းပစ်မယ် လစ်"

မှိုင်းတို့ အုပ်စု မွေတော်တောင်ပေါ်တွင် အချိန်အတော်ကြာသည်အထိ အချိန်ဖြုန်းပြီးမှ ပြန်ဆင်းလာကြသည်။

မှိုင်း(Complete)Where stories live. Discover now