မှိုင်း part 40
သတို့သမီး ရောက်မလာခဲ့သလို သတို့သား သတိလစ်သွားသော မင်္ဂလာပွဲကြီးမှာ အလဲလဲ အကွဲကွဲဖြင့်။သတိလစ်သွားသော မှိုင်းကို ဦးမင်းခက ဆွဲပွေ့လိုက်သလို ဆူဆူပူပူ ဖြစ်နေသော လူကြီးများကို ဦးမင်းမြတ်က ဝင်ထိန်းပေးနေရသည်။
ရင်းနှီးသော မိတ်ဆွေများနှင့်သာ စီစဉ်ထားသော မိသားစုပွဲ သဘော ဖြစ်နေ၍ တအားရုပ်ပျက်ဆင်းပျက် မဖြစ်သွားသလို မြန်မာနိုင်ငံတွင် အရင်မစီစဉ်လိုက် ၍သာ တော်တော့၏။
"ဖြေရှင်းချက် တစ်ခုခု ပေးသင့်တာ မဟုတ်ဘူးလား"
သွေးပူနေ၍ ဒေါသတကြီးဖြစ်နေသော ဦးဝဏ္ဏမြင့်မိုရ် နှင့်ဒေါ်နီလာချိုကို အိမ်ထောင်ဖက်များက ထိန်းပေးနေရသည်။
"သူ့ကို မဖြစ်မနေ လက်ထပ်ရမယ်ဆိုပြီး အတင်းအကြပ် စီစဉ်ခဲ့တာ မဟုတ်ဘူးကွ"
ဦးမြင့်မိုရ်စကားကြောင့် အကုန်လုံးက သို့လောသို့လောဖြင့် သျှန်မင်းခဘက် အကြည့်ရောက်လာ၏။မှိုင်း ပြောလိုက်သော စကားနှင့် သျှန်မင်းခ၏ အပြုအမူများမှ တဆင့် နှစ်ယောက်သား ဘယ်လို အခြေအနေလဲ ဆိုတာကို ပြောနေစရာပင် မလို။ကလေးတစ်ယောက် အဖေကိုမှတဲ့လေ။
မင်းခ အနေနှင့် လောလောဆယ် ဘေးပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်သေး။သတိလစ်သွားသော မှိုင်းကို ပွေ့ချီကာ အခန်းထဲ ခေါ်လာလိုက်သည်။ထို့နောက် ဒီလေးတို့ လက်ထဲ ခဏအပ်ကာ ဧည့်ခန်းဆီသို့ ထွက်လာလိုက်၏။
ဗရုတ်သုတ်ခ အခြေအနေဖြင့် ဆူညံပူညံ ဖြစ်နေသော ဧည့်ခန်းထဲ ဝင်လာသော သျှန်မင်းခကြောင့် အကုန်လုံး ငြိမ်သက် တိတ်ဆိတ်သွားတော့သည်။
"ကျွန်တော် တောင်းပန်ပါတယ် မမကြီး။ကျွန်တော် မှိုင်းကို သေချာ စောင့်ရှောက်မယ်လို့ ဂတိပေးပါတယ်။မှိုင်းကို ကျွန်တော့်ဆီ ယုံယုံကြည်ကြည် အပ်ပေးပါ"
ဒေါ်နီလာချိုက ဟင်းခနဲ သက်ပြင်းချကာ
"သျှန် မင်းကို ငါတို့ ဘယ်လိုယုံရမလဲ။မင်းမှာ မင်းရီဝေခ ရှိနေသေးတာကို မေ့နေတာလား။အခုကိစ္စကြီးက မင်းတို့ အသိုင်းအဝိုင်းမှာသာ ပြန့်သွားခဲ့ရင် ဖြစ်လာမဲ့ အကျိုးဆက်တွေကို သိရဲ့လား"
YOU ARE READING
မှိုင်း(Complete)
RomanceUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...