မှိုင်း part 46(final)
"သူနဲ့ အဆက်အသွယ် ဖြတ်လိုက် သူ့စိတ်ထဲ ဘယ်သူရှိနေတာလဲ မင်းအသိဆုံးပဲ။မဖြစ်နိုင်တဲ့အရာတွေ မျှော်လင့်မနေပါနဲ့တော့ ဒီဒီ...မင်းသိထားရမှာက..."
"လေးလေး!"
ပြောချင်ရာပြောနေသော လေးလေးကို ဒီလေး အော်ချပစ်လိုက်တော့ သွေးနီရောင်သန်းနေသည့် စူးရဲနေသော မျက်ဝန်းအစုံက ဒီလေးကို စူးစိုက်ကြည့်လာသည်။
"ကျွန်တော့်အတွက် သတိပေးနေတာလား ဒါမှမဟုတ် လေးလေးအတွက် လေးလေး သတိပေးနေတာလား"
"ဟင်..."
ဒီလေးရဲ့ စကားအဆုံးတွင် ဦးစိုင်းသူရ မျက်ဝန်းအစုံက ပြူးကျယ်လာပြီး မျက်နှာလွဲသွားကာ
"လိမ္မာပါ ဒီဒီရာ လေးလေးက ဘာကိစ္စ..."
"လေးလေး ဦးမင်းမြတ်ကို သဘောကျနေခဲ့တာမလား"
ဒီလေးစကားကြောင့် ဦးစိုင်းသူရ မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ဒီလေးကို မော့ကြည့်လာပြီး
"တိတ်စမ်း ဒီဒီ ငါက ဘာမို့လို့ အဓိပ္ပါယ် မရှိတာတွေ..."
"လေးလေး ဦးမင်းမြတ်ကို ကြိတ်သဘောကျနေတဲ့ အချိန်မှာ ဦးမင်းမြတ်က ကိုစိုင်းနောင်နဲ့ တွဲသွားလို့ လေးလေးစိတ်ထဲ မနာလိုစိတ်နဲ့ သတ်ပစ်ခဲ့တာမလား။ကိုယ့်ဖြစ်တည်မှုကိုလည်း လက်မခံနိုင်ဘူး။ဦးမင်းမြတ် တခြားတစ်ယောက်နဲ့ ပျော်နေတာကိုလည်း မမြင်ချင်ဘူး။တကယ်ချစ်ရင် ကိုယ်ချစ်ရသူကို ပျော်ရွှင်မှုတွေပေးရမှာ။ရယူလိုစိတ်နဲ့ အတ္တကြီးရမှာမဟုတ်ဘူး။လေးလေးက ဖွင့်ပြောဖို့တောင် သတ္တိမရှိပဲနဲ့ ဘာလို့ အဲ့လိုလုပ်ရက်မျိုး လုပ်ခဲ့ရတာလဲ။အခုကော လေးလေးပျော်နေရရဲ့လား"
တစ်သက်နှင့်တစ်ကိုယ် မာရေကျောရေ ဖြင့်သာနေလာသော ဦးစိုင်းသူရမှာ ပထမဆုံးအကြိမ်အဖြစ် ရုပ်ပျက်ဆင်းပျက် မျက်ရည်ကျမိသည်။
"ငါမပိုင်ဆိုင်ရမှတော့ တခြားလူကို ဘာလို့ ပိုင်ဆိုင်ခွင့် ပေးလိုက်ရမှာလဲ"
ပြတ်သားလွန်းသော ဦးစိုင်းသူရ စကားကြောင့် ဒီလေး အကြောင်သား ငေးနေမိကာ
YOU ARE READING
မှိုင်း(Complete)
RomanceUnicode ရှမ်းပြည်နယ်က တောင်ပေါ်သားလေးတစ်ယောက် သူ့ရဲ့ မွေးစားဦးလေး ကပြားကိုမှ ချစ်မိသွားတဲ့အခါ နှင်းမြူတွေဆိုင်းပြီး ချယ်ရီတွေဝေနေတဲ့ တောင်တန်းမြေရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့ကွယ်။တောင်တန်းမြေကို ချစ်တယ်။ချယ်ရီပန်းတွေကို ချစ်တယ်။ ပြီးတော့ ခေါပုတ်သ...