Chapter(1)

9.4K 756 11
                                    

[Unicode]

ရှဲ့မော့သည် ဆရာဝန်များနှင့်သူနာပြုများ၏ထပ်တလဲလဲအော်သံများပတ်ပတ်လည်ဝန်းရံထားသည့် လူနာဆောင်တစ်ခုအတွင်းရှိကုတင်ပေါ်တွင်ပြန်လည်နိုးထလာခဲ့သည်။
"ဒါကအံ့သြဖွယ်ရာပဲ! တကယ့်ကိုအံ့သြဖို့ကောင်းတယ်"

သူ့မျက်လုံးအကြည့်တွေကိုအောက်သို့လျှောချလိုက်ပြီးသူ့လက်တွေကိုကြည့်လိုက်တယ်။

ရှင်းလင်းစွာပင်လွန်ခဲ့သည့်တစ်စက္ကန့်က သူ့လက်များသည်သွေးများဖြင့်ဖုံးလွှမ်းနေခဲ့သော်လည်း ယခုတွင်မူ သူ့လက်ဖမိုးများသည်ပင်သန့်ရှင်းနေခဲ့သည်။ အနည်းငယ်ဖြူ ဖပ်ဖြူ ရော်ဖြစ်နေသော်လည်း သူ့လက်ချောင်းများသည် ကျောက်စိမ်းကဲ့သို့ရှည်လျားနူးညံ့နေကာ အပြစ်အနာအဆာမရှိပဲဖြူ ဖွေးနေသည်။

ရှဲ့မော့သည် နာကျင်မှု၊ စိတ်ပျက်အားလျော့မှုနှင့် မုန်းတီးမှုတို့ကိုခံစားသိမြင်ခဲ့ပြီးဖြစ်သော်လည်း ဒီခံစားချက်တွေရဲ့ခွန်အားများသည် သူ့ကိုခေါင်းကိုက်ဝေဒနာဆက်ခံစားရစေဆဲဖြစ်သည်။

သူအခုလေးတင်လက်ခံရရှိလိုက်တဲ့မှတ်ဉာဏ်တွေက မူလကိုယ်ပိုင်ရှင်ရဲ့မှတ်ဉာဏ်များဖြစ်ပြီး ဇာတ်ကောင်လေဟာနယ်ထဲမှာသူမြင်ခဲ့တာတွေနဲ့အတူတူပင်ဖြစ်သည်။ အစပိုင်းမှာတော့ ဒီလိုသန့်ရှင်းစင်ကြယ်အဖြူ ထည်လေးဖြစ်ပေမယ့် သူသေဆုံးချိန်မှာတော့နောက်ဆုံးဂုဏ်သိက္ခာလေးကိုတောင်မထိန်းသိမ်းနိုင်ခဲ့ဘူး။

သူအသက်၁၈နှစ်အရွယ်တွင် မိဘမဲ့တစ်ယောက် ဖြစ်သည့်အလျောက် တစ်ယောက်တည်းရပ်တည်ရန်မိဘမဲ့ဂေဟာမှထွက်ခွာလာခဲ့သည်။ ဘဝကခက်ခဲခဲ့သော်လည်း သူ့ရဲ့အဆင့်ကောင်းမွန်မှုနှင့်ပညာသင်ဆုရရှိခြင်းတို့အပြင်အားလပ်ချိန်တွင် အလုပ်လုပ်ခြင်းတို့ဖြင့် အောင်မြင်စွာဘွဲ့ယူနိုင်တဲ့အထိစီမံနိုင်ခဲ့သည်။

ဘွဲ့ရပြီးနောက် မြို့ထဲမှကြီးမားသည့်အဖွဲ့အစည်းတစ်ခု၏လုပ်ငန်းတွင်ပါဝင်ခဲ့ပြီး အထွေထွေမန်နေဂျာ၏အတွင်းရေးမှူးဖြစ်လာသည်အထိ အလုံအလောက်ကံကောင်းခဲ့သည်။

သူ့သူဌေး၊ ကုမ္ပဏီ၏အထွေထွေမန်နေဂျာဖြစ်သူသည် သူ့အထက်တန်းကျောင်း၏legendary idolအဖြစ်ပြောင်းလဲခဲ့သူလည်းဖြစ်ခဲ့သည်။ ထိုလူကလည်း အတန်းဖော်ကသူ့ကိုဖယ်ထုတ်ပြီးသီးခြားခွဲထုတ်ထားချိန်တွင် မတော်တဆတိုက်ဆိုင်စွာ သူ့ထံသို့တစ်ဦးတည်းသောလက်ကမ်းလာသူမှာ ရှဲ့မော့ဖြစ်သည်ကိုမှတ်မိသွားသည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now