[Unicode]
ရှဲ့မော့ ချောင်းဟန့်လိုက်ပြီး အသံကိုမြှင့်၍ခေါ်လိုက်သည်။
"ချန်ချွမ်း"အပြင်ဘက်ကချက်ချင်းလှုပ်ရှားသံထွက်လာပြီး အရပ်မြင့်မြင့်နှင့် သန်မာသည့်အသွင်လူတစ်ယောက်ကကန့်လန့်ကာကိုဖွင့်ကာ အထဲဝင်လာသည်။
"Sir"ဦးစွာပထမ တရိုတသေခေါ်လိုက်ပြီးနောက် အိပ်ရာနားသို့တိတ်ဆိတ်စွာချည်းကပ်လာသည်။ သူကရှဲ့မော့ကို သန်မာသည့်လက်တို့ဖြင့်သယ်ဆောင်လိုက်ပြီး ဝှီးချဲပေါ်တွင်ညင်သာစွာချပေးလိုက်သည်။
ရှဲ့မော့ကောင်းစွာနေရာတကျဖြစ်တာသေချာမှ ချန်ချွမ်းဒူးတစ်ဖက်ထောက်လိုက်ပြီး သူ့ရှေ့ကလူခြေထောက်တွေကိုဖုံးဖို့ စောင်လွှမ်းပေးလိုက်သည်။ စောင်ရဲ့အစွန်းတွေကို ဟ၍ပွင့်ထွက်မနေအောင် ထောင့်စွန်းတွေနေရာကို ဂရုတစိုက်ခေါက်ပေးနေသည်။ အဲ့ဒီနောက် တလေးတစားဖြင့် ဝှီးချဲနောက်တွင်လာရပ်သည်။
"မင်း ကုမ္ပဏီသွားချင်လို့လား?"
"အဟွတ်..."
ဝှီးချဲပေါ်ကလူက ချောင်းဆိုးနေပြီး ဖြူဖျော့ဖျော့မျက်နှာဖြင့်လက်ကိုခါယမ်းပြလိုက်သည်။
"မင်း ရှဲ့ရှီကိုရှာလို့တွေ့ပြီလား?"ချန်ချွမ်းရဲ့မျက်လုံးတွေ မည်းမှောင်သွားသည်။
"သခင်လေးနဲ့ မစ္စစ်ကျန့်တို့နှစ်ယောက်လုံး ကျန့်မိသားစုဆီမှာရှိနေကြပါတယ်""သြော် ကျန့်မိသားစု"
ရှဲ့မော့မျက်လုံးတွေက အလွန်စိတ်ဓာတ်ကျသွားသည့်ပုံဖြင့် မျက်နှာသည်လည်းပို၍ဖြူ ဖျော့သွားသည်။"Sir မင်းတစ်ယောက်ယောက်ကိုလွှတ်ချင်..."
"မလိုဘူး"
ရှဲ့မော့က လက်ကာပြလိုက်သည်။ သူ့အသံကအလွန်တိုးညှင်းနေကာ တစ်စက်မှအားမရှိသည့်ပုံဖြစ်နေသည်။
"သူက ကျန့်ရင်ကိုသဘောကျနေတာလေ။ သူ့ကိုပေးသွားလိုက်ပါ""ဒါပေမယ့် သူကမင်းနဲ့စေ့စပ်ထားတဲ့..."
ရှဲ့မော့၏ဖြူ ဖျော့နေသည့်မျက်နှာ ခါးသက်နေပုံရပြီး သူကနူးညံ့စွာဆိုသည်။
"ငါကဒီလိုပုံစံတောင်ဖြစ်နေပြီ။ ကျန့်ရင်က သူမကို ဂရုစိုက်မပေးနိုင်တဲ့တစ်စုံတစ်ယောက်နဲ့ လက်ထပ်ရတော့မယ်။ ဒီလိုပုံစံမျိူးနဲ့ ဘာမှမရှိတော့ဘူးဆိုရင်တော့ ငါလည်းစေ့စပ်ပွဲကိုလက်လျှော့လိုက်ချင်တယ်"
YOU ARE READING
Scum Gong Thought I Was A White Lotus {MM Translation}
RomanceTitle : Even Until Death, The Scum Gong Thought I Was A White Lotus Author(s) : Tang Wei Shuai 糖尾帅 Year : 2018 Original Publisher : jjwxc Start Date : Aug 18, 2021 Update Every Thursday This Story is not mine. I'm just a translator. Give all credits...