Chapter(29)

2.9K 383 21
                                    

[Unicode]

သူ့ဘဝတစ်ခုလုံးနဲ့ရင်းပြီးသဘောကျခဲ့ရသူဟာ အတုအယောင်ပါတဲ့။

ကောင်လေးက ခေါင်မိုးအစွန်းတန်းလျားမှာထိုင်ချလိုက်တယ်။ ညလေကအလွန်ကြမ်းနေပြီး သူ့မျက်နှာပေါ်ကိုဓားနဲ့လှီးနေသကဲ့သို့ ဖြတ်၍တိုက်ခတ်လျက်ရှိသည်။

"ရှောင်မော့ ဖြစ်သင့်တာထက်ပိုမတုံ့ပြန်ပါနဲ့ကွာ။ တကယ်လို့ မင်းမှာတစ်ခုခုပြောစရာရှိနေတယ်ဆိုရင် ဖြည်းဖြည်းချင်းပြောကြ...."
သူ့ဦးတည်ရာအတိုင်းဂရုတစိုက်ရွေ့လျားနေရင်း ကမ်းပေးထားသည့်ပေါင်ကျွင့်လက်တွေ အလွန်တုန်လှုပ်နေသည်။

ရှဲ့မော့က ကိုယ်ကိုချက်ချင်းကိုင်းချလိုက်သည်။ ထိုလှုပ်ရှားမှုငယ်လေးကပင် ပေါင်ကျွင့်ကိုချွေးအေးများထွက်၍ကြောက်လန့်တကြားဖြစ်စေခဲ့သည်။ သူအသံမထွက်နိုင်အောင်ဖြစ်သွားရသည်။ အက်ကွဲနေသည့်အသံထွက်မလာခင်အထိ သူပါးစပ်ကိုအချိန်အတန်ကြာအောင်ဖွင့်ဟထားမိသည်။
"မလုပ်...မလှုပ်နဲ့..."

"လိမ္မာတဲ့ကောင်လေး...ရှောင်မော့ မလှုပ်နဲ့နော်...ကိုယ်မင်းကို အောက်ပြန်ချပေးမယ်...လိမ္မာတယ်...."

ကောင်လေးက သူ့ကိုကြည့်မနေတော့ပဲ ပြန်လှည့်လိုက်ပြီး ခေါင်မိုးအစွန်းတန်းလျားမှာ ဘာအထောက်အပံ့မှမရှိပဲထိုင်နေတယ်။

သူတီးတိုးပြောနေတယ်။
"မလာခဲ့နဲ့"

ရှဲ့မော့အသံကို တိုက်ခတ်နေတဲ့လေပွေတို့က ပေါင်ကျွင့်ထံသယ်ဆောင်သွားသည်။ ပေါင်ကျွင်တောင့်တင်းသွားပြီး
"မသွားနိုင်ဘူး ကိုယ်မင်းပြောတာကိုနားထောင်ရဦး...."

"ကျွန်တော် ပေါင်ကျွင့်ကိုတကယ်ကြိုက်ခဲ့တာလေ..."

ဒါက ရှဲ့မော့ဟာ သူပြောတာကိုလုံးဝမကြားနိုင်ဘူး။ သူမျက်လွှာချလိုက်ပြီး လက်ထဲကဖုန်းကိုကြည့်ရင်း ညည်းညူ နေခဲ့သည်။
"ပေါင်ကျွင်က လူကောင်းတစ်ယောက်ပါ"

"သူက ကျွန်တော်လေးစားရတဲ့တစ်ဦးတည်းသောလူဖြစ်ပြီး သူက ကျွန်တော့်ကံကြမ္မာပဲလို့ယုံကြည်ရတဲ့အထိ အားအကိုးခဲ့ရဆုံးလူ"

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now