Chapter(20)

2.3K 367 24
                                    

[Unicode]

ပေါင်ကျွင့်ပုံစံသည် ခေတ္တခဏမျှအလွန်ရှုပ်ထွေးသွားခဲ့ပြီး ထိုအရာကိုစကားလုံးဖြင့်ဖော်ပြ၍မရနိုင်ပေ။

ပုံမှန်စွပ်ပြုတ်တို့ထင်ရတဲ့ပန်းကန်လုံးကိုငုံ့ကြည့်လိုက်သော်လည်း ထိုအရာကိုဆက်သောက်ရန်သူဘယ်လိုမှမကြိုးစားနိုင်တော့ပေ။

"ရှောင်မော့..."

ပေါင်ကျွင်ကခံစားချက်မဲ့စွာဖြင့် ဇွန်းကိုပြန်ချလိုက်သည်။
"ကိုယ့်ခန္ဓာကိုယ်ကအကောင်းကြီးရှိနေပါတယ်။ ကိုယ်ဒီလိုအရာတွေမလိုအပ်ဘူး"

"ဒါဆိုဘာလို့ကျွန်တော့်ကိုတစ်ချက်တောင်မထိတာလဲ?"
ရှဲ့မော့က အပြစ်တင်မပြောဆိုမိဖို့ကြိုးစားနေခဲ့တယ်။

"အရင်က ခင်ဗျားအရမ်းစိတ်အားထက်သန်နေခဲ့တာမဟုတ်လား?"

"ဒီမတိုင်ခင်ကလည်း ခင်ဗျားအရမ်းပင်ပန်းနေပေမယ့် အဲ့ဒီနေ့တွေက ခင်ဗျားဒီလောက်အလုပ်မရှုပ်သေးဘူးလေ။ ကျွန်တော်တို့က ချစ်သူတွေမဟုတ်ဘူးလား? ဘာလို့ ကျွန်တော်တို့ကအခုထိအခန်းတွေခွဲအိပ်နေသေးတာလဲ..."

ရှဲ့မော့ပုံစံက ဒါကိုပြောဖို့ရက်ပေါင်းများစွာဖိနှိပ်ထားသလိုဖြစ်နေခဲ့သည်။ အရင်တည်းက ပေါင်ကျွင့်စကားကိုမနာခံပဲ ဘယ်တုန်းကမှမနေရဲသည့်အတွက် ခေါင်းငိုက်စိုက်ချလျက် ထိုစကားလုံးတို့ကိုသူ့ပါးစပ်မှဖိအားပေး၍ထုတ်ပြောခဲ့သည်။

ပေါင်ကျွင်ဘယ်လိုတုံ့ပြန်ရမလဲပင်မသိတော့ပေ။

လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း သူ့ချစ်သူလေးနဲ့ရုပ်ပိုင်းဆိုင်ရာအဆက်အဆံလုပ်ဖို့ သူရည်ရွယ်ချက်မရှိခဲ့ကြောင်း ပေါင်ကျွင်ဝန်ခံရပေမည်။

ရှဲ့မော့ကိုမတော်တဆပွတ်တိုက်မိတဲ့အခါတိုင်း အိပ်မက်ဆိုးနဲ့တူတဲ့အရာတစ်ခုခုကို သူကြုံတွေ့သလိုခံစားခဲ့ရပြီး ထိုညက သူ့ချစ်သူ၏တောင်းပန်တိုးလျှိူ သံနှင့် ကယ်တင်ပေးရန်တောင်းဆိုနေသည့်အသံတို့ကိုအတိုင်းသားကြားနေရသည်။

သို့သော် သူ့ကိုမကယ်တင်ခဲ့မိပေ။

ငရဲတွင်းထဲကျရောက်သွားသည့်ရှဲ့မော့ကိုသာ သူခံစားချက်မဲ့စွာစောင့်ကြည့်နေခဲ့မိသည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now