Chapter(26)

2.2K 329 18
                                    

[Unicode]

ရှဲ့မော့ပြန်နိုးလာတဲ့အခါ အဖြူ ရောင်အခန်းလွတ်တစ်ခုထဲရောက်နေတာတွေ့လိုက်ရတယ်။

အိပ်ရာခင်း၊ စောင်နှင့် ကန့်လန့်ကာများပင် အားလုံးအဖြူ ရောင်ဖြစ်နေသည်။

သူအားပြုကာထထိုင်လိုက်ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြန်စဉ်းစားနေတယ်။ ဒီအချိန်မှာ သူအနည်းငယ်မူးဝေနေဆဲဖြစ်ကာ အကျွမ်းတဝင်မရှိတဲ့နေရာကိုလှည့်ပတ်ကြည့်နေမိတယ်။

လေထဲရှိစံပယ်ပန်းရနံ့တို့က သူ့နှာဖျားတွင်သင်းပျံ့စွာမျောလွင့်လျက်ရှိသည်။ စားပွဲပေါ်ကိုပန်းအိုးငယ်တစ်ခုတင်နေတဲ့လူတစ်ယောက်က သူ့အနောက်မှာမတ်တပ်ရပ်နေတယ်။

ကောင်လေးက လူတစ်ယောက်နာမည်ကိုသတိတရဖြင့်အော်ကာ ငိုကြွေးတော့သည်။
"ပေါင်ကျွင်"

ပန်းတွေကိုင်ထားတဲ့ထန်ထောင့်လက်တွေ အခိုက်အတန့်ငယ်မျှရပ်တန့်သွားသည်။ အမြဲတမ်းနွေးထွေးနေပုံပေါ်တဲ့မျက်လုံးတွေ ရုတ်ချည်းအေးစက်သွားသော်လည်း အချိန်အနည်းငယ်မျှသာဖြစ်သည်။ ရွှေရောင်မျက်မှန်အောက်က အေးစက်မှုအငွေ့အသက်တွေ ပြန်လည်ပျောက်ကွယ်သွားသည်။

သူကမျက်မှန်ကိုအသာပင့်တင်ရင်း နူးညံ့ဖြင့်အပြုံးတစ်ခုဖြင့်လှည့်ကြည့်လာကာ ကောင်လေးကိုခေါ်လိုက်သည်။
"ရှောင်မော့"

ရှဲ့မော့မျက်လုံးထဲမှ စိတ်ရှုပ်နေသည့်အသွင်တို့ အလျင်အမြန်မှေးမှိန်သွားပြီး စက်ဆုပ်ဖွာ်အကြည့်တို့သာကျန်ရစ်ခဲ့သည်။ စောင်ကိုဖယ်ကာ ဖြူ ဖပ်ဖြူ ဖျော်ခြေထောက်တို့ဖြင့် ဖိနပ်မပါပဲအိပ်ရာပေါ်ကထလာသည်။ ယိုင်ကျသွားသည့်ခြေထောက်တို့ကိုအလျှော့မပေးပဲ ကြမ်းပြင်ပေါ်ခြေစုံချနင်းလိုက်သည်။

ဘာတွေဖြစ်ပျက်သွားလဲဆိုတာကို ကောင်လေးနားမလည်ခဲ့ပေ။ သူ့ကိုယ်သူတည့်မတ်စွာထိုင်ဖို့ အားထုတ်နေခဲ့သော်လည်း သူ့လက်တွင်အားမည်မျှစိုက်ထုတ်နေသည်ဖြစ်စေ သူ့ခြေထောက်များကမူဘာခံစားချက်မှမရှိတော့ကြောင်းသတိထားမိလိုက်သည်။

ပြောင်လက်တောက်ပနေသည့် အကောင်းစားအနက်ရောင်သားရေဖိနပ်တစ်စုံသည် အင်အားကင်းမဲ့စွာရုန်းကန်နေသည့်ရှဲ့မော့အရှေ့တွင်ရပ်တန့်သွားသည်။ ထန်ထောင် ဖြည်းညင်းစွာထိုင်ချလိုက်ပြီး သူ့ရှေ့ကကောင်လေးရဲ့မျက်နှာကို နူးညံ့စွာထိကိုင်နိုင်ဖို့ သတိကြီးစွာထား၍ကြိုးပမ်းနေသည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now