Chapter(9)

2.8K 476 35
                                    

[Unicode]

[တစ်ခါတလေ သူတို့ကိုကြည့်မိတဲ့အခါမှာ ဓားတစ်ချောင်းကိုင်ပြီး အပိုင်းအစသေးသေးလေးတွေဖြစ်အောင် အဖြတ်ခံနေရတာနဲ့ဆင်တူတယ်လို့တောင် ငါခံစားရတယ်]

ရှဲ့မော့သည် ကိုယ်ကိုကိုင်းလိုက်ကာ သူ့ရှေ့မှပန်းများကိုနူးညံ့စွာကောက်ယူနေရင်း သူ့မျက်လုံးတွေကနွေးထွေးမှုအပြည့်ဖြင့်ဖြစ်နေခဲ့သည်။
[ဒါပေမယ့် သေသေချာချာတွေးကြည့်ရင် သူတို့အပေါ်ညှာတာနေသလိုဖြစ်နေတယ်။ ခပ်တုံးတုံးဓားတစ်ချောင်းနဲ့လူသတ်တာကမှ နာကျင်ရမယ်လေ]

"အချစ်ရေ"

သူ့အနောက်ဘက်မှ ထန်ထောင်၏ခေါ်သံထွက်ပေါ်လာသည်။ ကောင်လေးက ပန်းတွေကိုလက်ထဲမှာပိုက်ထညးရင်း လှည့်ကြည့်လိုက်ပြီး သူ့ရဲ့လှပတဲ့မျက်လုံးဝိုင်းတွေကလည်း ပျော်ရွှင်အံ့အားသင့်မှုကြောင့် တောက်ပလျက်ရှိသည်။
"ဒီနေ့ ဘယ်လိုလုပ်အိမ်ကိုအစောကြီးပြန်ရောက်လာတာလဲ?"

သူက ဇနီးကောင်းလေးတစ်ယာက်လိုတက်ကြွနေပြီး ထန်ထောင်အတွက်ချက်ပြုတ်ပေးရန် ပန်းစည်းကိုပျော်ရွှင်စွာချထားခဲ့သည်။
"ခဏလေးပဲစောင့် မကြာခင်အဆင်သင့်ဖြစ်တော့မှာ"

"မင်းဘာမှလုပ်နေဖို့မလိုတော့ဘူး"

ထန်ထောင်က တစ်ခါမှမလေ့ကျင့်ဖူးခဲ့တဲ့နူးညံ့မှုတွေနဲ့ ကောင်လေးရဲ့ကိုယ်ကိုသိမ်းကြုံးဖက်လိုက်တယ်။ အကြည့်တွေ အောက်ဘက်သို့လွှဲထားပြီး သူ့မျက်နှာက ခံစားချက်မရှိသလိုဖြစ်နေသော်လည်း အမြဲနူးညံ့ညင်သာတဲ့အသံနဲ့ နွေးထွေးစွာပြောလာတယ်။
"ဒီည ကိုယ်တို့အပြင်ထွက်စားကြမယ်လေ။ ဘယ်လိုသဘောရလဲ?"

"အပြင်ထွက်စားမယ်?"
မှတ်ဉာဏ်တွေပျောက်ဆုံးပြီးနောက် ကောင်လေးသည် စကားပြောရာတွင် တစ်ဖက်လူ၏စကားအဆုံးကိုသံယောင်လိုက်ပြောလေ့ရှိလာသည်။ သူအသက်၁၉နှစ်အရွယ်တုန်းက သူကြားတဲ့အတိုင်း ပြောခဲ့လုပ်ခဲ့သလိုမျိူး နူးညံ့စွာ အနည်းငယ်စကားနှိုက်လိုက်သည်။
"ဒီနေ့က အထူးနေ့တစ်ရက်ရက်မို့လို့လား?"

"မဟုတ်ပါဘူး"

ထန်ထောင်က ရှဲ့မော့ကိုဖက်ထားရင်း အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။
"ဒီည ကိုယ်တို့ တစ်စုံတစ်ယောက်ကိုသွားတွေ့ကြရမှာ"

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now