Chapter(8)

2.9K 467 18
                                    

[Unicode]

ရှဲ့မော့ကရှုပ်ထွေးသွားသည့်မျက်လုံးတို့ဖြင့် တုန်လှုပ်စွာအနောက်ဆုတ်လိုက်ပြီး
"အစ်ကိုပေါင်...ခင်ဗျား..."

"ကြည့်ရတာ ထန်ထောင်ကမင်းကို သေသေချာချာဦးနှောက်ဆေးပစ်လိုက်တာပဲ..အာ"

ပေါင်ကျွင်ရဲ့မျက်လုံးတို့ကအေးတိအေးစက်ဖြင့် ရှဲ့မော့ကိုသရော်ပြုံးပြုံးပြလိုက်သည်။ အကျဉ်းသားတစ်ယောက်ကိုစစ်ဆေးမေးမြန်းသကဲ့သို့ ဆင်တူနေသောသူ၏အပြုအမူက ကောင်လေးကိုထိတ်လန့်စေဖို့အောင်မြင်သွားသည်။

ရှဲ့မော့ကသူ့ချစ်သူရဲ့စကားတွေကို အခုထိမှတ်မိနေဆဲဖြစ်သည်။ ခြေတံရှည်များဖြင့်သူ့ထံဦးတည်နေသောပေါင်ကျွင်ကိုမြင်တဲ့အခါ သူ့နှလုံးသားစတင်တုန်လှုပ်လာခဲ့သည်။ နောက်ဆုံးအကြိမ်တွေ့ခဲ့တုန်းကလို ရုတ်တရက်ကြောက်စရာကောင်းတဲ့မှတ်ချက်တွေထုတ်မှာကိုစိုးရိမ်နေခဲ့ပြီး အနောက်ဘက်ကိုခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။

ရှဲ့မော့သည် သူ၏နေထိုင်မကောင်းဖြစ်နေမှုမှ နလန်ပြန်ထူလာခါစသာရှိသေးတဲ့အတွက် မျက်နှာအရောင်ကလည်းအခုထိဖြူ ဆုတ်နေဆဲဖြစ်သည်။ သူ့ရဲ့စိုးရိမ်ထိတ်လန့်ပြီး ရှောင်ထွက်ချင်နေတဲ့အသွင်အပြင်သည် ပေါင်ကျွင်က မိကောင်းဖခင်သားယောကျာ်း ကောင်လေးများကို သူတို့ကိုယ်တိုင်ပြည့်တန်ဆာလုပ်ရန် အတင်းအကျပ်ဖိအားပေးစေခိုင်းနေသည့်ပုံဟုပင် ထင်စရာဖြစ်နေသည်။

ကောင်လေးကမျက်လုံးအဝိုင်းသားဖြစ်နေပြီး ပေါင်ကျွင်ကို အပြစ်ကင်းပြီးစိတ်ဆင်းရဲနေသည့်အကြည့်တို့ဖြင့်ကြည့်နေခဲ့သည်။ သူ့ရဲ့ဖြူ ဖျော့နေသည့်နှုတ်ခမ်းလွှာတို့နှင့် နီရဲနေသောမျက်လုံးတစ်စုံတို့က သူ့ကိုလေပြင်းတစ်ချက်တိုက်သွားလျှင်ပင် ပစ်လဲသွားစေနိုင်တဲ့အထိအားနည်းနေပုံရသည်။

သူ့ရဲ့ရှောင်ထွက်ချင်နေမှုက ထိုလူရဲ့မျက်လုံးထဲမှာလိပ်ပြာတွေဖြာထွက်လာသလို တဖြည်းဖြည်းပျံ့သွားခဲ့တယ်။ ပေါင်ကျွင်က ရှဲ့မော့ရဲ့အရှေ့ကိုအလွယ်တကူရောက်လာခဲ့ပြီး လက်တစ်ဖက်တည်းဖြင့်အနောက်ဘက်ရှိသစ်ပင်ဆီသို့ဆွဲကပ်ကာချူ ပ်လိုက်သည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now