Chapter(33)

1.4K 229 18
                                    

[Unicode]

"မင်းက အခုမှကုမ္ပဏီကိုစဝင်တုန်းဖြစ်နေလို့ပါ။ တကယ်လို့ မင်းတစ်ခုခုနားမလည်တာရှိရင် စီနီယာတွေကိုမေးလို့ရတယ်။ သူတို့အားလုံးက မင်းအရွယ်ရောက်လာမှာကိုစောင့်နေကြတာ။ ဒီတော့ ဂုဏ်ထူးဆောင်နိုင်ဖို့ကိုသာ မမေ့စေနဲ့"

ရှဲ့မော့သည် အိပ်ရာပေါ်တွင် ကောင်းစွာနေရာယူထားပြီးဖြစ်သည်။ သူက အိပ်ရာပေါ်ကို ကိုယ်တစ်ဝက်ရောက်ကာ ဒူးထောက်ထားသည့်လူငယ်လေးကိုကြည့်နေရင်း သူ့ကိုယ်သူစောင်ဖြင့်ဖုံးအုပ်လိုက်ကာ ပေါ့ပေါ့တန်တန်ပြောဆိုလိုက်သည်။

ရှဲ့ရှီက လက်တစ်ဖက်ထုတ်ကာ မျက်နှာကိုမော့လိုက်ပြီး သူ့ရဲ့ချောမောတဲ့မျက်နှာက အနည်းငယ်မှိုင်းညှို့နေလျက် မသက်မသာဖြစ်နေသောအသံဖြင့် သူကပြောသည်။
"သူတို့ထဲကဘယ်သူကမှ ကျွန်တော့်ကိုမလေးစားကြဘူးလေ"

"အဟမ်း..."

နံရံကိုမှီထားသည့်လူထံမှ ချောင်းဆိုးသံထွက်ပေါ်လာခဲ့ပြီးနောက် သူကတိုးလျသောလေသံဖြင့်
"မင်းကငယ်သေးတယ် ပြီးတော့ သူတို့ကမင်းကိုငုံ့ကြည့်ကြတဲ့အခါ မင်းကသာမန်ပဲဖြစ်နေမယ်။ ရက်နည်းနည်းလောက်စောင့်ကြည့်လိုက်ပါဦး။ တကယ်လို့ မင်းအခွင့်အရေးရှာတွေ့ခဲ့ရင် တစ်ယောက်ယောက်ကိုရွေးထုတ်ပြီး အဲ့ဒီကြက်တွေမျောက်တွေကိုသတ်ပစ်လိုက်လေ"

ဒီနည်းလမ်းက ရိုးရှင်းသည်မှန်သော်လည်း အမြဲတမ်းထိရောက်မှုအရှိဆုံးဖြစ်သည်။ ရှဲ့မော့က ဒီလိုထုတ်မပြောခံဘူးဆိုရင်တောင် သူဒီနည်းလမ်းကိုသုံးမည်ဖြစ်သည်။

သို့သော် သူ့အမြင်တွင် စိမ်းသက်မှုအငွေအသက်တို့ဖြင့် စိတ်ရှုပ်ထွေးလို့နေသည်။
"ဒါပေမယ့် လေးငယ်ရာ...ကျွန်တော်ဒီလိုလုပ်လိုက်ရင် အဲ့ဒီလူတွေ ကျွန်တော့်ကိုပိုမုန်းသွားကြမယ်မဟုတ်ဘူးလား?"

ရှဲ့ရှီသည် ငယ်စဉ်ကတည်းက လူတို့၏အတွင်းစိတ်အခြေအနေကို စောင့်ကြည့်စူးစမ်းခဲ့သည်။ သူက လူတွေကိုစူးစမ်းလေ့လာရာမှာ ကောင်းမွန်ပြီး လူအမျိူးမျိူးအဖြစ် အသွင်ယူရာတွင်လည်း ကောင်းမွန်လှ၏။ ထိုသို့အချိန်အတော်ကြာအောင် စူးစမ်းလေ့လာခဲ့သည့်အတွေ့အကြုံတို့အရ ဤအသက်အရွယ်သည် လူတို့က သူတို့၏ဖြူစင်မှုကို လူတွေယုံကြည်လာအောင်လုပ်ဖို့ အလွယ်ကူဆုံးဖြစ်သည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now