Chapter(16)

2.4K 395 38
                                    

[Unicode]

Warning🚨: slight non-con

ပေါင်ကျွင်သည် ရှဲ့မော့နှင့်အတူနှစ်ယောက်သား ကားဆီသို့ပြန်လာခဲ့သည်။ လမ်းတစ်လျှောက် ရှဲ့မော့သည်ခိုလှုံခွင့်ရှာဖွေနေသည့်လူအလား ရှားပါးစွာသူ့ပွေ့ဖက်မှုကိုခံယူခဲ့သည်။

သူ့ရဲ့ရှဲ့မော့ ဘာလို့ဒီလိုပြုမူနေလဲဆိုတာ သူသိပါသည်။

မှတ်ဉာဏ်တွေက တစ်ခါတစ်ရံဤသို့ဆန်းကြယ်တတ်သည် -- စီမံခန့်ခွဲမှုအနည်းငယ်လောက်ဖြင့် ကောင်လေးသည် ပေါင်ကျွင်မေ့စေချင်သည့်အရာတို့ကို ရိုးရှင်းစွာမေ့သွားခဲ့ပြီ။

ထိုကိစ္စတွင် ရှဲ့မော့၏ပူးပေါင်းဆောင်ရွက်မှုလည်း လိုအပ်နေဆဲဖြစ်သည်။ တစ်ခါတလေ နာကျင်ရတဲ့အမှတ်တရတွေကိုဖျက်ပစ်လိုက်တာ ပိုကောင်းလေသည်။

"မကြောက်နဲ့တော့ ထန်ထောင်ကမင်းကို ဘယ်တော့မှထပ်ပြီး စိတ်အနှောင့်အယှက်ပေးနိုင်တော့မှာမဟုတ်ဘူး"

ပေါင်ကျွင်သည် ချစ်ခင်ကြင်နာမှုရှိကာ သိမ်မွေ့သည့်အသွင်ဟန်ဆောင်လျက် သူ့လက်တွေကြားထဲမှလူကို ညင်သာစွာဖြင့် မြုပ်နေအောင်ဖက်ထားခဲ့သည်။

သူ့စိတ်အတွင်းပိုင်းမှကျေနပ်မှုသည် လွှမ်းမိုးခံရလုနီးပါးဖြစ်နေပြီး ရှဲ့မော့က သူ့အပေါ်ဘယ်လောက်အားကိုးနေတယ်ဆိုတာ သူခံစားနိုင်သည်။

"ပေါင်ကျွင် ကျွန်တော်ခေါင်းကိုက်တယ်"

ရှဲ့မော့သည် ပေါင်ကျွင်၏ရင်ဘတ်သို့ သူ့မျက်နှာကိုကပ်လျက် စိတ်ရှုပ်ထွေးနေသည့်အသံဖြင့်
"ထန်ထောင်က ရူးသွားတာလား..."

"ဘာလို့ ကျွန်တော်က..."

"ဘာလို့လဲ မင်းခေါင်းကိုက်နေတုန်းပဲလား?"

ထိုလူက နူးညံ့စွာဆိုသည်။
"မင်းမနေ့က ဘာတွေဖြစ်ခဲ့လဲဆိုတာမှတ်မိသေးလား?"

ပေါင်ကျွင်သည် ရှဲ့မော့မည်သည့်အရာများမေ့သွားသည်ကို တိကျစွာမသိသော်လည်း သူ့ချစ်သည်းညှာလေးကိုနူးညံ့ပြလိုက်သည်နှင့် ရှဲ့မော့ကသူ့ကိုအသေးစိတ်အကုန်ပြောပြမည်သာဖြစ်သည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now