[Unicode]
ရှဲ့မော့၏ခြေထောက်ဖြစ်စဉ်နှင့် ဆင်တူသောအခြေအနေကို ရှဲ့ရှီတစ်ခါမှမတွေ့ဖူးခဲ့သော်လည်း သူသိတာက ဒီခြေထောက်တွေဟာ သုံးနှစ်ကြာအောင်မလှုပ်မယှက်ရှိနေခဲ့သည်။ သူ့ဦးလေးဖြစ်သူဟာ နေ့တိုင်း ဝှီးချဲပေါ်မှာပဲထိုင်နေတာ ဒါမှမဟုတ် လဲလျောင်းနေတာမျိူးသာနေလေ့ရှိသည်။ ဒီလိုခြေထောက်တွေက အခြေအနေသိပ်ကောင်းမည်မဟုတ်ပေ။
သို့သော် ရှဲ့ရှီကိုအံ့အားသင့်စေသည်မှာ သူ့မျက်စိရှေ့မှာပေါ်ထွက်လာသည့်မြင်ကွင်းက သူစိတ်ကူးထားသလိုဟုတ်မနေ။
အဝတ်တွေအားလုံးချွတ်ပြီးတဲ့နောက် ရှဲ့မော့ရဲ့ခြေထောက်အသားအရည်ဟာ နှစ်အတော်ကြာနေမထိထားသည့်အတွက် အလွန်ဖြူ ရော်နေသည်။ သို့ရာတွင် ထိုခြေထောက်တို့မှာ အရုပ်ဆိုးခြင်းတော့မဟုတ်။
ရှဲ့မော့၏ခြေထောက်တို့က အလွန်သေးသွယ်နေပြီး လှစ်ဟထားတဲ့နေရာကိုကြည့်မိရုံနဲ့ အသားအရည်၏ဖြူ ဖျော့ချောမွတ်မှုကိုမြင်နိုင်သည်။ ရှဲ့ရှီကြည့်နေရင်း စိတ်မထိန်းနိုင်တော့ပဲ သူ့လက်ချောင်းတွေကို ဆလင်ဒါကောက်ကြောင်းတစ်လျှောက် ပွတ်ဆွဲတို့ထိမိသွားသည်။
ဒီခြေတံလေးတွေ ဘယ်အချိန်ကတည်းက ဒီလောက်ပိန်လှီသွားရလဲဆိုတာ သူတကယ်သိချင်သည်။
"ရှဲ့ရှီ!"
ရှဲ့မော့က အထိအတွေ့ကိုမခံစားနိုင်သော်လည်း သူ့မျက်လုံးတွေကန်းနေခြင်းမဟုတ်ပေ။ ဒီထိခိုက်ဒဏ်ရာကိုသူရရှိပြီးသည့်အချိန်မှစ၍ အကြီးမားဆုံးပိတ်ပင်ထားမှုသည် တခြားလူများကို သူ၏ဒဏ်ရာရနေသည့်ခြေထောက်တို့အား မြင်ခွင့်မပြုခြင်းဖြစ်သည်။ လွန်ခဲ့တဲ့သုံးနှစ်က သူ့ရောဂါအမည်တပ်ပြီး ကုသမှုစတင်ပေးခဲ့သည့်ဆရာဝန်နှင့် ချန်ချွမ်းမှလွဲ၍ တခြားဘယ်သူကမှ သူ့ခြေထောက်ကိုမမြင်ဖူးကြပေ။ရှဲ့မော့က သူ့ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းကို လှုပ်ရှားဖို့ရုန်းကန်ရင်း သူ့ရဲ့ရှည်သွယ်ဖြူ ဖျော့နေသည့်လက်ချောင်းတို့ဖြင့် ရှဲ့ရှီထိနေသည့်နေရာကို ကန့်လန့်ပိတ်၍တားဆီးလိုက်သည်။
"ငါအခုအစစ်ဆေးမခံချင်ဘူး...ဒေါက်တာဂျိူ ဆယ်လ်လာမယ့်အချိန်ထိ စောင့်ဦးမယ်"
ရှဲ့ရှီသည် ထိုလူ၏စိတ်အခြေအနေ မူလအတိုင်းပြန်ဖြစ်သွားသည်ကို သတိထားမိကာ ဒါက ရှားပါးတဲ့တစ်စုံတစ်ခုလို့တောင် သူပြောနိုင်သည်။
YOU ARE READING
Scum Gong Thought I Was A White Lotus {MM Translation}
RomanceTitle : Even Until Death, The Scum Gong Thought I Was A White Lotus Author(s) : Tang Wei Shuai 糖尾帅 Year : 2018 Original Publisher : jjwxc Start Date : Aug 18, 2021 Update Every Thursday This Story is not mine. I'm just a translator. Give all credits...