[Unicode]
အသက်၁၉နှစ်အရွယ်၏ ကိုယ်ပိုင်မှတ်ဉာဏ်တို့နှင့်ရှဲ့မော့သည် တစ်ချိန်ကသူ့ကိုနာကျင်အောင်လုပ်ခဲ့သူအပေါ် ချစ်ကျွမ်းဝင်နေပြီဖြစ်ကြောင်း ပေါင်ကျွင်သဘောပေါက်သွားသည်။
ထိုအခိုက်အတန့်တွင် မလှုပ်မရှားလဲနေသောထန်ထောင်သည် စိတ်ထဲတွင်မျှော်လင့်ချက်အပြည့်ဖြင့် ရှဲ့မော့၏ဒေါသမီးတောက်လောင်နေသောကျောပြင်ကို ငေးစိုက်ကြည့်နေခဲ့သည်။
ရှဲ့မော့က သူ့ကိုခွင့်လွှတ်ပေးလိုက်တာလား?
၁၉နှစ်အရွယ်ကောင်လေးမှာ သူတွေးခဲ့သည်ထက်ပို၍ပင်ဖြူ စင်နေခဲ့သည်။
"မင်းတကယ့်ကို...ကျိူးကြောင်းဆီလျော်မှုမရှိတာပဲ"
ပေါင်ကျွင်မတ်တပ်ရပ်လိုက်ပြီး ကောင်လေး၏နိုးကြားနေသောအကြည့်တို့ကို စိုက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။
"ဒါပေမယ့် ဒီလိုဆိုလည်းအဆင်ပြေတာပဲ"ဒီပုံစံရှဲ့မော့က သူကြိုက်တဲ့အမျိူးအစားမဟုတ်ဘူးလား?
အနည်းဆုံးတော့ သူနဲ့အတူ ရှဲ့မော့ရှိနေချိန်တုန်းကလည်း ဒီလောက်လွယ်ကူမနေခဲ့ဘူး။
[ဒင်! ပေါင်ကျွင်၏သဘောကျမှတ် : 70]
ပေါင်ကျွင်က မြေပေါ်မှာလဲကျနေသည့်လူကိုကန်ကျောက်လိုက်ပြီး
"မင်းသူ့ကိုကောင်းကောင်းသင်ပြထားသားပဲ"သနားဖို့ကောင်းချက်။ အမှားလေးတစ်ခုလုပ်မိတဲ့လူတွေဟာ ဒီအမှားအတိုင်းတစ်ထပ်တည်း အဲ့လိုဆက်လုပ်သွားကြမှာပဲ။
ထန်ထောင်သူ့ကိုနားလည်ထားတဲ့အတိုင်း သူလည်း ဒီငယ်သူငယ်ချင်းအကြောင်း ကောင်းကောင်းနားလည်ပြီးဖြစ်သည်။ အခုချိန်မှာ ထိုကဲ့သို့နက်ရှိုင်းသည့်ပုံရိပ်ကိုပြသဖို့ရာ အနည်းငယ်စောနေသေးသည်။
ပေါင်ကျွင်က လက်ဗွေသော့ကိုဖွင့်လိုက်ပြီး တံခါးဆွဲဖွင့်ကာ အပြင်သို့ထွက်သွားခဲ့သည်။ သူ့နောက်ဘက်တွင် ရှဲ့မော့ကသက်ပြင်းချလျက် ကြမ်းပေါ်တွင်လဲနေသူကို ထူပေးရန်သွားကူခဲ့သည်။
"ကျွန်တော့်ရဲ့အရင်အတိတ်တွေကို အပိုင်းအနည်းငယ်လောက်ပဲပြန်မှတ်မိခဲ့ပေမယ့် အဲ့ထဲမှာပါတဲ့ခင်ဗျားရဲ့ရည်ရွယ်ချက်က အစစ်အမှန်မဟုတ်ဘူးလို့ကျွန်တော်ယုံတယ်။ လူသားတစ်ယောက်အနေနဲ့ ခင်ဗျားဟာနူးညံ့သိမ်မွေ့ပြီး ကျွန်တော့်ကိုကောင်းကောင်းဆက်ဆံပေးတယ်။ ခင်ဗျားက သေချာပေါက်အဲ့လိုဆိုးဝါးတဲ့လူမဟုတ်ဘူး"
YOU ARE READING
Scum Gong Thought I Was A White Lotus {MM Translation}
Storie d'amoreTitle : Even Until Death, The Scum Gong Thought I Was A White Lotus Author(s) : Tang Wei Shuai 糖尾帅 Year : 2018 Original Publisher : jjwxc Start Date : Aug 18, 2021 Update Every Thursday This Story is not mine. I'm just a translator. Give all credits...