[Unicode]
ထန်ထောင်က ရှဲ့မော့ကိုသူ့အိမ်သို့ခေါ်လာခဲ့သည်။
အိမ်မှာသန့်ရှင်းသပ်ရပ်နေပြီး နွေးထွေးတဲ့အိမ်ပုံစံမျိူးဖြစ်နေကာ မိဘများထံမှပုန်းရှောင်ရန် ထန်ထောင်၏ယာယီအိမ်ဖြစ်သည်။ ဒါပေမယ့် အခုတော့ထန်ထောင်ရဲ့လျှာဖျားအပြောလေးတစ်ခုနဲ့တင် ရှဲ့မော့နှင့်သူ၏အချစ်အသိုက်အမြုံအဖြစ်ပြောင်းလဲသွားပြီ။
ရှဲ့မော့သည် ဆိုဖာပေါ်မထိုင်ချခင်အထိ တစ်ခုခုကိုတွန့်ဆုတ်နေသလိုဖြစ်ခဲ့သည်။ သူ့ပတ်ပတ်လည်မှာရှိတဲ့ မရင်းနှီးတဲ့အပြင်အဆင်တွေကိုလှည့်ပတ်ကြည့်ခဲ့ပြီးနောက် သူ့ရှေ့မှာရေနွေးထည့်နေတဲ့ထန်ထောင်ကိုစိုက်ကြည့်နေလိုက်တယ်။
"ကျွန်တော်တို့က တကယ့်ချစ်သူတွေလား?""ဒါပေမယ့်..."
ရှဲ့မော့ကအကောင်းဆုံးကြိုးစားပြီး ထန်ထောင်အပေါ်ဖြစ်နေတဲ့သူ့ရဲ့တုန်လှုပ်မှုတွေကိုဖုံးကွယ်ဖို့ကြိုးစားခဲ့သော်လည်း မဖြစ်နိုင်ခဲ့ပေ။
"ခင်ဗျား ကျွန်တော့်ကိုတကယ်မကြိုက်ဘူးလို့ထင်တယ်..."လက်ဖက်ရည်ခွက်ကိုကိုင်ထားတဲ့ ထန်ထောင်ရဲ့လက်တွေတင်းကြပ်သွားသည်။ သူ့ရဲ့လှပကျော့ရှင်းတဲ့မျက်နှာမှာ အမှောင်ထုတစ်ခုဖြတ်ပြေးသွားသော်လည်း သူခေါင်းပြန်မော့လိုက်တဲ့အခါ နွေးထွေးတဲ့အသွင်အပြင်ကပြန်ပေါ်လာခဲ့သည်။
သူကကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုအပြည့်ရှိစွာပြုံးလိုက်ပြီး
"ကျောင်းမှာကတည်းက ကိုယ်မင်းကိုသဘောကျခဲ့ပေမယ့် ဝန်ခံဖို့ကြောက်နေခဲ့တာ...ဒါကြောင့် မင်းကိုအဲ့လိုတွေလုပ်ခဲ့မိတာ။ နောက်ပိုင်းမှာ မင်းကပေါင်ကျွင်တို့ကုမ္ပဏီမှာအလုပ်ဝင်တော့မှ ကိုယ်တို့ပြန်တွေ့ခဲ့ကြတာ""ရှဲ့မော့ ကိုယ်တို့ကြားမှာရှိခဲ့တဲ့ခံစားချက်တွေကို မင်းမေ့သွားမယ်ဆိုရင်တောင် မင်းခန္ဓာကိုယ်ကတော့မေ့မှာမဟုတ်ဘူး"
သူပြောနေစဉ် မျက်လုံးများမှာအလွန်တည်ငြိမ်နေပုံရသော်လည်း ထန်ထောင်သည်သူ၏ငယ်ဘဝကိုပြန်အမှတ်ရဖို့အလွန်ကြိုးစားခဲ့ရသည်။ အနိုင်ကျင့်လိုစိတ်များလည်းရုတ်တရက်ပေါ်လာခဲ့သည်။ သူ့မျက်လုံးတွေက ရှဲ့မော့ဆီမှာပဲဖြစ်နေပြီး သူပြောသမျှနူးညံ့တဲ့စကားလုံးတွေက စပျစ်နွယ်ပင်ကဲ့သို့ရှဲ့မော့ကိုရစ်ပတ်နေခဲ့သည်။
YOU ARE READING
Scum Gong Thought I Was A White Lotus {MM Translation}
RomanceTitle : Even Until Death, The Scum Gong Thought I Was A White Lotus Author(s) : Tang Wei Shuai 糖尾帅 Year : 2018 Original Publisher : jjwxc Start Date : Aug 18, 2021 Update Every Thursday This Story is not mine. I'm just a translator. Give all credits...