Chapter(18)

2.6K 394 21
                                    

[Unicode]

သူအိမ်ပြန်တဲ့လမ်းမှာ ယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီး ဟင်းရွက်ကန်စွန်းအခြေအနေနဲ့ အချိန်အတန်ကြာကိုမာဝင်သွားခဲ့သည်။ သူပြန်နိုးလာခဲ့ပြီး မှတ်ဥာဏ်တွေပျောက်ဆုံးနေတာကြောင့် စိတ်ကျန်းမာရေးအထူးကုဆရာဝန်တယောက်ဆီ ကုသဖိုအပို့ခံလိုက်ရတယ်။

ဒါတွေဟာအားလုံး ကျိုးကြောင်းဆီလျော်နေပေမယ့် ပေါင်ကျွင်ရှင်းပြသမျှကို ငြိမ်ငြိမ်လေးထိုင်နားထောင်နေခဲ့တဲ့ရှဲမော့က သူ့စိတ်ထဲမှာတခုခုမှားနေသလိုအမြဲတမ်းခံစားနေရသည်။

"ကျွန်တော်ဆေးကုသမှုခံယူဖို့သွားတဲ့အချိန်က ထန်ထောင်က ဘာလို့အဲ့နေရာမှာရှိနေတာလဲ..."

ပေါင်ကျွင်မျက်လွှာချလိုက်ပြီး
"သူအခုထိ မင်းနောက်ကိုလိုက်နေတုန်းပဲ။ အဲ့ဒါကြောင့် မင်းရဲ့သတင်းကိုကြားကြားချင်း သူအပြေးအလွှားလိုက်လာတာဖြစ်လိမ့်မယ်"

"ရှောင်မော့ မစိုးရိမ်နဲ့တော့နော်။ ထန်ထောင်ကို ဖြေရှင်းပြီးပြီဖြစ်လို့ မင်းအပေါ်ကိုသူဘာမှထပ်လုပ်လို့မရတော့ဘူး"

အိပ်တဝက်နိုးတဝက်ဖြစ်နေပြီး ပြောင်းလဲနေတဲ့ကမ္ဘာပေါ်မှာနိုးထလာခဲ့တဲ့ကောင်လေးက ခေါင်းထောင်ကြည့်ပြီးမေးသည်။
"သူ့ကို...ဖြေရှင်းလိုက်တယ်?"

နာရီဝက်ကြာပြီးနောက် ရှဲမော့သည် ညိုးနွမ်းနေသည့်မျက်နှာဖြင့် ရှာဖွေမှုဇယားတွင်အလွတ်ဖြစ်နေသည်ကိုစိုက်ကြည့်နေခဲ့သည်။

မျှော်လင့်ထားသည့်အတိုင်း ပေါင်ကျွင်သူ့ကိုပြောပြခဲ့သည့်အပေါ်မူတည်၍ ထန်ထောင်သည် ပေါင်ကျွင်၏ဖိနိပ်မှုအရှိန်အဝါအောက်တွင် ခေါင်းမထောင်နိုင်အောင်ဖြစ်ခဲ့ရသည်။ သူ၏ကိုယ်ပိုင်အနုပညာရှင်ဟူသည့်ဂုဏ်ပုဒ်လေးပင်မရှိတော့ပဲ အင်တာနက်ပေါ်တွင် သူ့အကြောင်းရှာဖွေသည့် စာတစ်ကြောင်းတစ်လေမှပင်ရှိမနေခဲ့ပေ။

ဒီအကြောင်းကိုသိလိုက်ရတဲ့အချိန်မှာ ရှဲ့မော့ပျော်ရွှင်ခဲ့သည့်သော်လည်း အကြောင်းပြချက်အချိူ့ ကြောင့် စိတ်မချမ်းသာသလိုခံစားလိုက်ရသည်။

တစ်နေရာရာမှာ တစ်ခုခုမှားနေသလိုခံစားချက်ကြီး...

မနေ့က ထန်ထောင်ရဲ့အကြည့်နဲ့စကားတွေကို ရင်ဆိုင်လိုက်ရတုန်းက ရှဲ့မော့နားမထောင်ခဲ့ပဲ သူ့ဆီကသာထွက်ပြေးလွတ်မြောက်ချင်မိခဲ့သည်။ ဒါပေမယ့် အခုမှသူပြန်စဉ်းစားကြည့်မိတော့ ဘာလို့ထန်ထောင်ကသူ့ကိုဒီလောက်နူးနူးညံ့ညံ့ခေါ်ခဲ့တာလဲ?

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now