Chapter(12)

2.6K 393 29
                                    

[Unicode]

ရှဲ့မော့၏မျက်ခွံတို့တုန်ခါသွားသည်။ စိတ်ပင်ပန်းစွာဖြင့် သူ့ခန္ဓာကိုယ်ကို ပေါင်ကျွင်ဘက်သို့ လှည့်လိုက်သည်။

"ကျေးဇူးပါ အစ်ကိုပေါင်"

သူ့မျက်နှာပေါ်မှခံစားချက်တို့က အနည်းငယ်တွန့်ဆုတ်နေပုံရသည်။ မျက်လုံးအကြည့်တို့မှာ ရှက်ရိပ်အနည်းငယ်ပါနေခဲ့သည်။ ဖြစ်နိုင်ချေအရ အရင်ကိစ္စတွေကြောင့် ဒါမှမဟုတ်ရင် သူ့ရဲ့ရှုပ်ထွေးဆန်းကြယ်ရည်းစားဟောင်းဆီက အကူအညီလာတောင်းနေရခြင်းကြောင့်ဖြစ်နိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ကောင်လေး၏အခုပုံစံမှာ ယခင်ကရှိခဲ့ဖူးသည့် သတိကြီးမှုမျိူးရှိမနေတော့ကြောင်း သံသယရှိဖို့ပင်မလိုပါချေ။

ပေါင်ကျွင်က သူ့ရဲ့သိမ်မွေ့တဲ့အပြုအမူကိုဆက်ထိန်းထားကာ မျက်လုံးတို့က မျက်စိရှေ့မှချစ်သူလေးကို လောဘတကြီးသိမ်းကြုံးကြည့်နေခဲ့သည်။

၂၂နှစ်ဖြစ်စေ၊ ၁၉နှစ်ဖြစ်စေ ဤကောင်လေးသည်အမြဲအယုံလွယ်နေဆဲဖြစ်သည်။

အလိမ်အညာအနည်းငယ်လောက်နဲ့ ထိုခန္ဓာကိုယ်သည် အရင်ကအတိုင်း သူ့လက်ထဲသို့သာကျရောက်လာတော့မည်။

သေချာပေါက် ထိုအချိန်မတိုင်ခင်အထိ အတွေးညစ်ညစ်တွေကိုဖုံးကွယ်ထားပြီး ရှဲ့မော့အကြိုက်အတိုင်း ဖျော်ဖြေပေးမည်ဖြစ်သည်။

မနက်ခင်းတစ်ခုလုံးအတွက် ပေါင်ကျွင်သည် အတိတ်တွင်လုပ်ခဲ့သည့်အတိုင်း ရှဲ့မော့ကိုညွှန်ကြားခဲ့သည်။

စာရွက်စာတမ်းများနှင့်ပတ်သက်၍ ထိုကောင်လေး၏စိတ်ရှုပ်ကာ မျက်မှောင်ကြုံ့ထားသည့်အမူအယာတို့ကို သူကြည့်နေခဲ့သည်။ တစ်ဖက်တွင် သူသည် ယခင်ကနှင့်အလွန်ကွာခြားပုံရသော်လည်း အခြားတစ်ဖက်တွင်မူ အလွန်ချစ်ဖို့ကောင်းနေခဲ့သည်။

ဘွဲ့ရခါစကျောင်းသားတစ်ယောက်အဖြစ် ကုမ္ပဏီကိုစရောက်လာတဲ့အချိန် ရှဲ့မော့သည်အနာဂတ်အတွက် အမြော်အမြင်အလွန်ရှိခဲ့သော်လည်း မယုံနိုင်စရာကောင်းလောက်အောင်လည်း ထူးချွန်နေခဲ့သည်။ အဲ့ဒီအချိန်တုန်းက ပေါင်ကျွင့်ထံမှလမ်းညွှန်မှုအနည်းငယ်လေးဖြင့် ဘယ်အကြောင်းအရာရဲ့အယူအဆကိုမဆို အသေအချာဆုပ်ကိုင်နိင်ခဲ့သည်။ အခုနဲ့မတူပဲ သူ့စိတ်ထဲမှာအလွတ်ဖြစ်နေချိန်တွင် အစာခွံ့သမျှစားတဲ့ ဘဲငန်းတစ်ကောင်လို သူ့ထံမှအသိပညာဟူသမျှကို အမြစ်တွယ်သည်အထိကြိုးစားသင်ယူခဲ့သည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now