Chapter(39)

646 87 6
                                    

[Unicode]

ရှဲ့မော့က ခေါင်းခါကာ သူ့အဝတ်တွေကိုမချွတ်နိုင်အောင် အကောင်းဆုံးကြိုးစားနေရင်း
"ချန်ချွမ်းပြန်လာတာကိုပဲ စောင့်လိုက်ကြရအောင်"

ရှဲ့ရှီနှုတ်ခမ်းတို့က ချက်ချင်းဆိုသလို တည်သွား၏။

အကယ်၍ သူသာစောစောသိခဲ့မယ်ဆိုရင် ချန်ချွမ်းက စောစောပြန်လာမှာမဟုတ်ဘူးလို့ပြောခဲ့မိမှာပဲ။

သူနှိပ်ပေးတာရော အဝတ်လဲပေးတာကိုရော လက်ခံပေးနိုင်ပြီးမှ ဘာလို့ရေချိူးပေးတာကို လက်ခံဖို့ဆန္ဒမရှိရတာလဲ?

အရမ်းနီးကပ်လွန်းတာကြောင့်လား? အဲ့လိုဆိုရင်တောင် သူတူအရင်းနဲ့နီးကပ်ရတာပဲမဟုတ်ဘူးလား?

သူ့ခေါင်းထဲမှာ အတွေးတွေဘယ်လောက်များများ ရှဲ့ရှီမျက်နှာပေါ်မှာတော့ ချိူသာတဲ့အပြုံးတစ်ခုအမြဲရှိနေတတ်သည်။

သူက ကြင်နာတတ်တဲ့ပုံရိပ်ကိုရှေ့တန်းတင်လိုက်ပြီး သူ့လေးငယ်ကိုပွေ့ချီကာ အိပ်ရာပေါ်သို့တင်ပေးလိုက်သည်။ အိပ်ရာပေါ်တွင် သူတင်ပေးလိုက်သည့်အတိုင်း နာခံစွာလဲလျောင်းနေသည့်လူသားကို ငေးကြည့်နေမိသည်။

"မင်းအရင်ပြန်ပြီး နားလိုက်တော့လေ"

ရှဲ့ရှီလက်ခံလိုက်ပြီး အခန်းထဲမှထွက်လာလိုက်ကာ မစ္စတာဂျိုဆယ်လ်၏အခန်းတံခါးကို သွားခေါက်လိုက်သည်။

* * *
ဒုတိယမြောက်ရက်တွင် ရှဲ့မော့သည် သူ၏ခြေထောက်အတွက် များစွာသောဆေးဝါးကုသမှုကို ခံခဲ့ရသည်။

နံရံကိုမှီထားရင်း ရှက်ရွံ့မှုကိုတောင့်ခံလျက် သူ့ခြေထောက်တွေပေါ်ကို တစ်ကြိမ်ပြီးတစ်ကြိမ်ဆေးလိမ်းပေးနေသည့် လူငယ်လေး၏လက်များကိုသာ ကြည့်နေရသည်။

"ရှဲ့...ရှီ....."

သူတောင့်မခံနိုင်တော့ပဲ မေးလိုက်မိသည်။
"မပြီးသေးဘူးလားဟင်?"

"ပြီးခါနီးပါပြီ....ဒီဆေးတွေကို အသားထဲစိမ့်ဝင်သွားတဲ့အထိ ကျွန်တော်သေချာပွတ်ပေးဖို့လိုသေးတယ်လေ"

ရှဲ့ရှီကပြုံးရင်း သူ့ကိုမျက်လုံးချင်းဆုံအောင်ကြည့်နေသည်။ ဆေးလိမ်းပေးနေသည့်လက်များက လမ်းကြောင်းမှတဖြည်းဖြည်းချော်ထွက်လာသော်လည်း ရှဲ့ရှီမျက်လုံးတို့က ကျေနပ်မှုကိုအတိုင်းသားဖော်ပြနေသည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now