Chapter(17)

2.5K 386 13
                                    

[Unicode]

အဆုံးတွင် ရှဲ့မော့ကို ပေါင်ကျွင်ဆက်မထိနိုင်တော့ပေ။

လက်ပြန်မရုတ်ခင်တည်းက ပေါင်ကျွင်၏လက်တို့ခေါက်တုံ့ခေါက်ပြန်လှုပ်ရှားနေရာမှ တောင့်တင်းနေခဲ့သည်။ ကြီးမားသောလက်ဖဝါးများမှ လက်ချောင်းသွယ်သွယ်တို့က အောက်တွင်ရှိနေသောကလေးငယ်၏ အကုန်မဖြုတ်ရသေးသည့်အင်္ကျီကြယ်သီးများကို ဖြည်းညင်းစွာပြန်၍ကူတပ်ပေးနေခဲ့သည်။

ဖြူ ဝင်းသည့်အသားနုနုလေးများ အင်္ကျီအောက်တွင်ဖုံးကွယ်ခံလိုက်ရပြီး ရှဲ့မော့သည် သူ့ကိုယ်ကိုအနည်းငယ်ပင့်တင်ကာ ထထိုင်လိုက်သည်။
"အဲ့ဒါမလုပ်တော့ဘူးလား?"

ပေါင်ကျွင်၏မျက်နှာပေါ်တွင် နှစ်လိုဖွယ်ရာနွေးထွေးသည့်အပြုံးတစ်ခုရှိနေပြီး
"မင်းက အခုမှကုသမှုခံယူထားရုံလေးပဲရှိသေးတယ်။ ကိုယ်မင်းကို ရုတ်တရက်ကြီးအလျင်စလိုမလုပ်ချင်ဘူး"

ရှဲ့မော့မျက်လုံးများထဲမှ မရေရာမှုကလျော့နည်းမသွားခဲ့ပေ။ ပြန်လည်စုစည်းထားမှုထဲတွင် ပေါင်ကျွင်ကသူ့ကိုအလွန်အကျွံသဘောကျသော်လည်း အိပ်ရာထဲကိစ္စများနှင့်ပတ်သက်၍ ကျိူးကြောင်းဆီလျော်မှုမရှိပဲ ပေါင်ကျွင်ကအမြဲသြဇာရှိသူဖြစ်နေသည်။

သဘာဝကျစွာ ပေါင်ကျွင်သည် ကောင်လေး၏တွန့်ဆုတ်နေမှုကိုလက်လွတ်မခံခဲ့ပေ။ မပြောင်းလဲသွားသည့်မျက်နှာထားဖြင့် သူ့ချစ်သူ၏နားထင်ကို သူ့လက်များနှင့်ညင်သာစွာထိလိုက်ပြီး အသာအယာနှိပ်ပေးနေခဲ့သည်။

ရှဲ့မော့၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးမှုအရိပ်အယောင်တို့ တဖြည်းဖြည်းလျော့ပါးလာကာ ဒီမတိုင်ခင်ကရှိနေခဲ့သည့်စိတ်ကြွနေမှုများလည်း တဖြည်းဖြည်းကုန်လွန်သွားခဲ့သည်။ သူ့မျက်ခွံတို့ အောက်သို့နိမ့်ဆင်းကျလာပြီး အစောပိုင်းကထိန်းထားခဲ့သည့် ငိုက်မျဉ်းအခြေအနေကိုပြန်ရောက်သွားတော့သည်။

"ရှောင်မော့ အိပ်သွားပြီလား?"

သူ့ပွေ့ဖက်မှုထဲ ကောင်လေးလဲလျောင်းနေစဉ် ပေါင်ကျွင်တီးတိုးမေးခဲ့သည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now