Chaptet(11)

2.6K 423 24
                                    

[Unicode]

သူပြန်ရရှိတဲ့အဖြေကတော့ စိတ်ကျေနပ်စရာမကောင်းခဲ့ပေ။

အာရုံကြောဆေးသိပ္ပံနယ်ပယ်သည် ဆေးသိပ္ပံပညာ၏ကျွမ်းကျင်ဖို့လွန်စွာခက်ခဲသည့်အပိုင်းဖြစ်သည်။ ဒါ့အပြင် ရှဲ့မော့၏ပျောက်ဆုံးသွားသောမှတ်ဉာဏ်တို့သည် မမြင်နိုင်၊ မထိနိုင်သည့်အရာလည်းဖြစ်နေသည်။

ဆရာဝန်သည် သူ့ရှေ့မှကောင်လေးငိုကြွေးနေသည်ကိုမြင်ရတဲ့အခါ စိတ်မကောင်းဖြစ်ခဲ့ရသည်။ သို့သော်  အဆုံးတွင် သူမက ရှဲ့မော့ကိုရိုးသားစွာပြောခဲ့သည်။
"မင်းတကယ်လို့မှတ်ဉာဏ်တွေပြန်ရချင်တယ်ဆိုရင် အရင်ကမကြာခဏသွားဖြစ်ခဲ့တဲ့နေရာတွေကိုပြန်သွားကြည့်ပါ။ ဒီနည်းနဲ့ မင်းရဲ့မှတ်ဉာဏ်တွေကိုအစပြန်ဖော်နိုင်ကောင်းဖော်နိုင်လိမ့်မယ်"

မကြာခဏသွားခဲ့တဲ့နေရာတွေ...

ကောင်လေးသည် ပေါင်ကျွင်၏ကုမ္ပဏီကိုချက်ချင်းတွေးမိလိုက်သည်။ အဲ့ဒီနေရာက သူအလုပ်လုပ်ခဲ့ဖူးတဲ့နေရာမဟုတ်လား?

အစည်းအဝေးတစ်ခုထဲတွင်ရောက်နေသော ပေါင်ကျွင်၏ဖုန်းသည် ဘေးဘက်တွင်တုန်ခါလျက်ရှိသည်။ စကားပြောနေသည်ကိုရပ်ပြီး ခေါ်ဆိုသူIDကိုခေါင်းလှည့်ကြည့်လိုက်ချိန်တွင် သူ့နှုတ်ခမ်းတို့မြောက်တက်သွားကာ အေးစက်စက်ပြုံးလိုက်သည်။

"ဒီနေ့တော့ ဒီနေရာမှာပဲအဆုံးသတ်ကြတာပေါ့"

ကုမ္ပဏီအပေါ် ထိုလူ၏ထိန်းချူ ပ်နိုင်စွမ်းကို ငြင်းဆို၍မရပေ။ အစည်းအဝေးကို တစ်ဝက်တစ်ပျက်မှာတင် ထိုလူ၏စကားတစ်ခွန်းဖြင့်အဆုံးသတ်ခဲ့ရပြီး အခန်းထဲမှလူတိုင်းသည် ထိုင်ခုံမှမတ်တပ်ရပ်ကာ တစ်ယောက်ချင်းအလျိူ လျိူ ထွက်သွားခဲ့ကြသည်။

ခဏအကြာ အစည်းအဝေးခန်းမထဲရှိထိပ်ဆုံးခုံတွင် ပေါင်ကျွင်တစ်ယောက်သာကျန်ရစ်ခဲ့သည်။

ဖုန်းလက်မခံခင် တုန်ခါနေသည့်ဖုန်းကိုငုံ့ကြည့်ပြီးမှ သူ့နားရွက်ဆီသို့ကပ်လိုက်သည်။

"ကိစ္စတစ်ခုခုရှိလို့များလား? ငါ့ရဲ့ညီအစ်ကိုကောင်းက မခံမရပ်နိုင်ဖြစ်နေပြီလား ?"

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now