Chapter(38)

911 89 17
                                    

[Unicode]

"0502 ... "

"ဘာပြောလိုက်တာလဲ?"

ရှဲ့ရှီက နွေးထွေးတဲ့အပြုံးတစ်ခုကို ချက်ချင်းထုတ်ပြလိုက်ပြီး
"ဘာမှမဟုတ်ပါဘူး...မင်းရဲ့လုပ်ငန်းစဥ္ တွေရော ဘယ်လိုလဲ?"

"ဒီအချက်အလက်တွေက အကူအညီတော်တော်ရလို့ ဒီလကုန်လောက်မှာ အဖြေထွက်လာလိမ့်မယ်။ ပြီးရင် ခင်ဗျားရဲ့လမ်းကြောင်းမှာ ဘယ်အတားအဆီးမှ ပိတ်ဆို့နေမှာမဟုတ်တော့ဘူး"

သူ့ဝန်ထမ်းဖန်းချန်ရဲ့စကားကြောင့် လူငယ်လေးရဲ့နှုတ်ခမ်းတွေ အနည်းငယ်ပင့်တက်သွားကာ တစ်ချိန်တည်းမှာပဲ စိတ်အနှောင့်အယှက်ဖြစ်သွားဟန်ဖြင့် ပုတီးကုံးကို စားပွဲပေါ်သို့ပစ်ချလိုက်သည်။

"အဲ့ဒီလူတွေ အကွက်ထဲဝင်မယ့်အချိန်ကိုစောင့်နေလိုက်။ ပြီးရင်တော့ သူတို့ရဲ့မိသားစုဝင်တွေကိုပါ ကောင်းကောင်းဂရုစိုက်ပေးလိုက်"

သူ့ဝန်ထမ်းက တုန့်ဆိုင်းသွားပြီး ခေါင်းကိုဖြည်းညင်းစွာမော့လာလျက်
"ခင်ဗျားပြောချင်တဲ့ အဓိပ္ပါယ်က?"

"မြက်ပင်တွေကို တောမီးလိုမီးမျိူးကတောင် မဖျက်စီးနိုင်ဘူးဆိုတာ မူလတန်းတည်းက မင်းသင်ခဲ့ပြီးပြီမဟုတ်လား?"

လူငယ်လေးက မျက်ခုံးကိုပင့်လိုက်ကာ သူ့ရဲ့ရှည်လျားတဲ့လက်ချောင်းတွေက ပုတီးကုံးအလယ်ကိုထိလျက် စက်ဝိုင်းပုံစံလည်အောင်ဆော့ကစားရင်း
"မင်းကို ဒီနေရာရောက်အောင်ခေါ်လာတဲ့လူတွေက မပြောပြကြဘူးလား? 'ကျူပင်ခုတ် ကျူငုတ်မကျန်စေနဲ့' ဆိုတဲ့စကားကို ဘယ်လိုရေးရမလဲလို့လေ?"

သူက လေသံပေါ့ပေါ့လေးနဲ့ပြောလိုက်ပေမယ့် ကြားလိုက်ရတဲ့လူအဖို့ ဗို့အားထောင်ချီသော မိုးကြိုးသွားပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး နဖူးတွင် ပုတီးစေ့ပမာဏရှိချွေးစေးများပင် သီးလာတော့သည်။

"ရှဲ့...ရှဲ့သခင်လေး....ဒါက..."

ရှဲ့ရှီက သူ့ကိုတည်ငြိမ်စွာကြည့်လာပြီး ဆော့ကစားနေတဲ့လက်ကိုရပ်လိုက်သည်။ သူ့အသွင်က အေးစက်နေပြီး ပုတီးကို လက်ထဲတွင်အသာအယာဆုပ်ကိုင်ထားသည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now