Chapter(14)

2.5K 417 32
                                    

[Unicode]

နံနက်ခင်းနေရောင်ခြည်နွေးနွေး သူ့ကိုယ်ပေါ်သို့ဖြာကျမှုကြောင့် ထန်ထောင်နိုးလာခဲ့သည်။

အိပ်ရာပေါ်ကလူ မျက်လုံးတွေကိုဖွင့်လိုက်ပြီး နှာခေါင်းထဲတိုးဝင်လာသည့် အရသာရှိပုံရသောစားစရာအနံ့တို့ကြောင့် သူ့နှုတ်ခမ်းတို့က ကျေနပ်ပြုံးတစ်ခုကို ဖြည်းညင်းစွာပန်ဆင်လိုက်သည်။

မထခင် မပွင့်တပွင့်မျက်လုံးတို့ဖြင့် ပျင်းရိစွာအကျောဆန့်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း ကောင်လေးသည် မီးဖိုချောင်ထဲတွင် အေပရွန်ဝတ်လျက်သားဖြင့် အလုပ်ရှုပ်နေသည်ကိုတွေ့လိုက်ရသည်။

သူ့နောက်မှအသံများကြောင့် ရှဲ့မော့က ပြုံးရင်းသူ့ကိုလှည့်ကြည့်လာသည်။

"မြန်မြန်မျက်နှာသစ်တော့ ဒီမှာစားဖို့အဆင်သင့်ဖြစ်နေပြီ"

ထိုလူနှစ်ဦးသည် တစ်ဘဝလုံးအတူနေလာခဲ့ကြတဲ့အတိုင်း ပျော်ရွှင်ချိူ မြိန်သည့်ပုံစံမျိူးပြုမူခဲ့ကြသည်။

ထန်ထောင်ကိုယ်လက်သန့်စင်ပြီးနောက် စားပွဲပေါ်တွင် ဟင်းပန်းကန်များက နေရာယူပြီးဖြစ်သည်။

ဟင်းပွဲအားလုံးက ထန်ထောင်ရဲ့အကြိုက်တွေချည်းသာဖြစ်သည်။

"နောက်ဆုံးအကြိမ်တုန်းက ခင်ဗျား ကြက်ဟင်းခါးသီးမကြိုက်တာကို ကျွန်တော့်ကိုဘာမှမပြောခဲ့ဘူးမလား? ဒီနေ့တော့ အဲ့ဒါတွေဘာမှမလုပ်ထားဘူး"

ရှဲ့မော့က စားပွဲမှာမထိုင်ခင် ထိုင်ခုံကိုဆွဲထုတ်ရင်း ပြုံးရိပ်သမ်းမျက်လုံးတို့ဖြင့် သူ့ရှေ့မှလူကိုစောင့်ကြည့်နေခဲ့သည်။

သူ့မျက်လုံးတို့က အပြစ်ကင်းစင်ပြီးနူးညံ့သိမ်မွေ့တဲ့ခံစားချက်တွေပြည့်နှက်လျက် သူ့ချစ်သူနှင့်အချိန်ကုန်ဆုံးရတာကို သဘောကျနေဟန်ရသည်။

ထန်ထောင်က စကားစသည်။
"မနက်စာစားပြီးလို့ ခဏနေရင် ဆရာဝန်နဲ့တွေ့ဖို့ ကိုယ်တို့အတူသွားလို့ရတယ်နော်"

ကောင်လေး၏မျက်လုံးမှ အရောင်တောက်မှုများလျော့ကျသွားပြီး သူ့ညာလက်မှာကိုင်ထားတဲ့ တူတစ်စုံကို လက်ချောင်းထိပ်တွေသွေးမရောက်နိုင်တဲ့အထိ ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားသည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now