Chapter(3)

3.8K 574 26
                                    

[Unicode]

"ငါက...ရှဲ့မော့နိုးလာပြီကြားလို့ သတင်းမေးဖို့ရောက်လာတာ"

ထန်ထောင်ကနှုတ်ခမ်းထောင့်တွင်အပြုံးတစ်ခုဆင်မြန်းလျက် သူ့မျက်မှန်ကိုပင့်တင်လိုက်ပြီး စိတ်အနှောင့်အယှက်ဖြစ်သွားတာကိုဖုံးကွယ်လိုက်တယ်။
"ငါရောက်လာတဲ့အချိန်က မှားသွားပြီထင်တယ်...ဒါနဲ့မင်းတို့နှစ်ယောက်အိမ်ပြန်ကြတော့မလို့လား?"

အိမ်ပြန်မယ်?

သူနဲ့ရှဲ့မော့ လမ်းခွဲပြီးသားဆိုတာ ထန်ထောင်ကိုမပြောမိဘူးလား?

ပေါင်ကျွင်ကသက်ပြင်းချလိုက်ပြီး အခုထိသူ့ကိုကိုင်ထားဆဲဖြစ်တဲ့ အနောက်မှာပုန်းနေသောကောင်လေး၏လက်တွေကိုမကြည့်ပဲနေလိုက်တယ်။ သူ့ရဲ့ပုံမှန်မဟုတ်ဘူးဆိုတဲ့ခံစားချက်တွေကို ပစ်ပယ်လိုက်ပြီး
"သူတစ်ယောက်တည်းလမ်းလျှောက်ရတာအဆင်မပြေသေးလို့ ငါသူ့ကိုကူညီပေးရုံပါ"

ကောင်လေးရဲ့လက်တွေက တစ်ခါပြန်လည်တုန်ရင်လာခဲ့ပြီး ထန်ထောင်၏မျက်စိရှေ့တွင် အကာအကွယ်မရှိတော့ပဲဖြူ ဖပ်ဖြူ ရော်မျက်နှာဖြင့်ထွက်လာခဲ့သည်။

ထန်ထောင်က သားကောင်ကိုကြည့်နေတဲ့မုဆိုးတစ်ယောက်ရဲ့အကြည့်တွေနဲ့ သူ့ရှေ့ကလူကိုလောဘတကြီးကြည့်လိုက်တဲ့အခါ သူ့ရဲ့မျက်လုံးတွေက အခိုက်အတန့်တစ်ခုလောက်မှောင်မိုက်သွားတယ်။

ရှဲ့မော့သည် ကောင်းစွာဖုံးကွယ်ထားသောထန်ထောင်၏လောဘအမျိူးအစားကိုမခွဲခြားနိုင်သော်လည်း ထန်ထောင်ကိုကြောက်ရွံ့ခဲ့သည်။ သူကသွေးမရှိတော့သည့်မျက်နှာဖြင့် နောက်ပြန်ဆုတ်နေခဲ့ပြီး ပေါင်ကျွင်ကိုကြည့်ကာ တဆတ်ဆတ်တုန်နေသောနှုတ်ခမ်းတို့ဖြင့် အကူအညီတောင်းလိုက်သည်။

"အစ်ကိုပေါင်..."

ထိုကောင်လေးသည် အသက်၂၂နှစ်ရှိပြီဖြစ်သော်လည်း သူ့မျက်လုံးတွေကဒီကမ္ဘာကြီးကိုအခုမှမြင်ဖူးသကဲ့သို့ ရွှန်းလဲ့တောက်ပနေသည်။ သူကစိတ်လှုပ်ရှားစွာနှင့် စိတ်ပျက်အားလျော့သလိုကြည့်လာတဲ့အခါ ပေါင်ကျွင်သည်ထိုကောင်လေး၏ ပြင်းထန်နေသောစိတ်လှုပ်ရှားမှုနောက်ကွယ်မှ ဆန္ဒကိုခံစားလိုက်ရသည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now