Chapter(24)

2.2K 332 11
                                    

[Unicode]

ပေါင်ကျွင်က မကြာခင်မှာပဲအလုပ်တွေပိုပိုများလာခဲ့သည်။ အလုပ်ပြင်ပတွင် ထန်ထောင်သည် သူ့ကိုပစ်မှတ်ထားရန် အားစိုက်ထုတ်မှုမရှိသလောက်ပင်ဖြစ်နေသည်။ အလုပ်ခွင်တွင် ထိုနေရာ၌ထိုင်ကာ စားရင်းသောက်ရင်း သေခြင်းတရားကိုတလိုတလားစောင့်နေကြသည့် စိုးရိမ်ပူပန်နေကြသောညီအစ်ကိုများသည် ဘဝ၏အဓိပ္ပါယ်အသစ်ကိုနားလည်သွားကြပုံရသည်။ သူတို့ရဲ့မိဘတွေဆီကို အကြီးအကျယ်ပြသနာတွေသယ်ဆောင်လာနိုင်တဲ့ နည်းလမ်းတွေဆက်တိုက်ရှာဖွေနေမိကြတယ်။

ငယ်ရွယ်တဲ့မျိူးဆက်လေးတွေက အမြဲလိုလိုပေါင်ကျွင်ကိုမြင်လိုက်တာနဲ့ ကြွက်ကကြောင်ကိုတွေ့လိုက်ရသလို ပြုမူခဲ့ကြပြီး သူနဲ့မျက်နှာချင်းဆိုင်မိတိုင်း အသက်ပင်ရဲရဲမရှူ ရဲခဲ့ကြပေ။ အခုတော့ သူ့ရဲ့ခြေထောက်တွေကိုဆွဲချနိုင်မယ့်အရာတွေကိုပင် သူတို့ပြုလုပ်ရဲနေကြပြီ။ သူတို့လုပ်ရပ်တွေကိုနောက်ကွယ်ကထောက်ပံ့ပေးနေတဲ့ စီနီယာတစ်ယောက်မှမရှိဘူးဆိုတာကို ပြောရင်ယုံဖို့တောင်မဖြစ်နိုင်ပေ။

ထန်ထောင်ဟာ ပေါင်ကျွင်နဲ့အတွင်းကျကျခင်မင်ကြီးပြင်းလာခဲ့ရသူဖြစ်သည်။ ပေါင်မိသားစုရဲ့အားနည်းချက်အားလုံးကို သူအကုန်နားလည်သည်။ ပေါင်မိသားစုတစ်ခုလုံးအပေါ် သိသာထင်ရှားထိန်းထားတဲ့ ပေါင်ကျွင့်ရဲ့ထိန်းချူ ပ်မှုဟာ လုံးဝမကြည့်ထိုက်ပေ။ ပြောရရင် အဲ့ဒီမိသားစုမှာလူတွေအများကြီးရှိပြီး အများစုက ဒီငယ်ငယ်ရွယ်ရွယ်လူလားမြောက်ခါစလူငယ်လေးကို မကျေမနပ်ဖြစ်နေကြတယ်။

အရင်ကဆို သူတို့ရဲ့သံလည်ပတ်တွေဆီကို အသံထွက်အောင်ပြုလုပ်ရန်ပင် အလွန်ကြောက်လန့်ခဲ့ကြတဲ့လူတွေဟာ ယခုတော့ ထန်ထောင်ကငါးစာကိုပစ်ချနေသရွေ့ သူတို့တွေဟာ အထိန်းအချူပ်မရှိတော့ပဲ ကျန်နေတဲ့အချိန်တွေမှာ ရက်စက်ကြမ်းကြုတ်တဲ့ခွေးတွေလို ပေါင်ကျွင့်ကိုဟောင်ကြကိုက်ကြလိမ့်မည်။

ပေါင်ကျွင်က သူ့ကိုလျှော့တွက်ခဲ့ပြီး လျှော့တွက်ထားတဲ့အမှိုက်ရဲ့လက်ခုပ်ထဲကို ပြန်ကျရောက်သွားတော့တယ်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now