Chapter(28.2)

2.5K 359 21
                                    

[Unicode]

"မဟုတ်တာ...နောင်တမရပါနဲ့....ကိုယ့်ကိုစိတ်မပျက်သွားပါနဲ့ ကျေးဇူးပြုပြီးတော့..."
အဲ့ဒီစာကြောင်းတိုလေးက လူတစ်ယောက်ကိုဒီလောက်စိတ်ပျက်အားလျော့တဲ့အထိ ဖြစ်သွားစေလိမ့်မယ်လို့ပေါင်ကျွင်တစ်ခါမှမစဉ်းစားခဲ့ဖူးဘူး။

"ရှောင်မော့ ကိုယ်ပြောင်းလဲလိုက်မယ်လေ..."
တောင်းပန်ပြောဆိုနေစဉ် ပေါင်ကျွင့်မျက်လုံးတွေနီရဲနေပြီး အသံကလည်းအက်ကွဲတိုးညှင်းလာသည်။

"ကျေးဇူးပြု၍...ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီးတော့..."

ရှဲ့မော့က ခေါင်းကိုပိုပြင်းပြင်းထန်ထန်ခါလိုက်တယ်။

"ပေါင်ကျွင် ကျွန်တော်တကယ်တောင်းပန်ပါတယ် သွားခွင့်ပြုပါတော့"
ပေါင်ကျွင့်လှုပ်ရှားမှုတွေ နေရာမှာတင်အေးခဲသွားတယ်။

သူတုန်လှုပ်ချောက်ချားသွားပြီး ကောင်လေးရဲ့လက်ကို ညင်ညင်သာသာအုပ်ကိုင်လိုက်တယ်။ ကောင်လေးပြောတာကိုတစ်လုံးမှမကြားလိုက်သည့်ပုံဖြင့် အေးဆေးတည်ငြိမ်မှုကိုအတုလုပ်ယူရန် ကြိုးစားနေသော်လည်း သူ့အသံကဖျက်စီးသလိုဖြစ်နေတယ်။
"ရှောင်မော့ မင်းဒီနေ့အရမ်းပင်ပန်းခဲ့မှာပဲ မြန်မြန်အနားယူ..."

ကောင်လေးရဲ့မျက်လုံးတွေမှာ ဝမ်းနည်းမှုတွေနဲ့ပြည့်နေတယ်။
"ပေါင်ကျွင် အဲ့ဒါကအရမ်းနာကျင်ရတာမို့"

"ကိုယ်အခုပဲ မင်းကိုဆေးတစ်ချိူ့ ပေးခဲ့ဖို့ ဆရာဝန်ကိုပြောလိုက်မယ်။ မကြာခင်မှာ မင်းနာကျင်နေရတော့မှာမဟုတ်ဘူး"

သူပြောနေတဲ့နာကျင်မှုက အဲ့ဒီနာကျင်မှုအကြောင်းပြောနေတာမဟုတ်မှန်း ပေါင်ကျွင်ရှင်းရှင်းလင်းလင်းသိနေတဲ့အတွက် ကောင်လေးရဲ့ဖြူ လျော့လျော့နှုတ်ခမ်းတစ်စုံပေါ် သူဖိနမ်းလိုက်တယ်။

ရှဲ့မော့မျက်ရည်တွေကျရင်း အနမ်းတွေကိုမြည်းစမ်းလိုက်တယ်။

အနမ်းတွေက ခါးသက်နေတယ်။

ပေါင်ကျွင်က စောင်ခြုံပေးလိုက်ပြီး ဖြည်းဖြည်းချင်းမတ်တပ်ထရပ်ကာအပြင်ကိုထွက်သွားတယ်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now