[Unicode]
ပေါင်ကျွင်သည် ရှဲ့မော့ကိုကုသပေးနေသည့်ဆရာဝန်နှင့်တွေ့ဆုံခဲ့သည်။
သူမသည် ဒီလူငယ်လေးဘာတွေကြုံတွေ့ခဲ့ရလဲဆိုတာကိုမသိသောကြောင့် ရှဲ့မော့၏ခန္ဓာကိုယ်မှာကောင်းမွန်သောပုံစံတွင်ရှိနေခဲ့ပြီး အချိန်ကြာမြင့်စွာအနားယူလိုက်ရသည့်အတွက် ထိုကောင်လေး၏အားနည်းသောခန္ဓာကိုယ်ဖွဲ့စည်းပုံများအကြောင်းနှင့် ၃နှစ်စာမှတ်ဉာဏ်များပျောက်ဆုံးသွားကြောင်းတို့ကိုသာအလိုက်သင့်ပြောပြလိုက်သည်။
တစ်နည်းအားဖြင့်ဆိုရသော် ဆေးရုံမှဆင်းရန်စိတ်ချရသောအနေအထားတွင်ရှိနေပြီဖြစ်သည်။
ပေါင်ကျွင်သည် သွေးအေးလူသားဖြစ်သည့်အလျောက် ထိုကိစ္စနှင့်ပတ်သက်၍ဘာပြသနာမှမရှိပေ။ သူ့ရဲ့ယခင်ကနွေးထွေးမှုများနှင့် စဉ်းစားဆင်ခြင်ဉာဏ်ရှိမှုတို့မှာ တခြားလူအားဖြားယောင်းရန်နည်းဗျူ ဟာ၏အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ ယခုအချိန်တွင်ထိုလူသည်လည်း အခြေအနေကောင်းနေပြီဖြစ်ရာ သူတို့တစ်ဦးနှင့်တစ်ဦးတွင်အကြွေးတင်စရာဘာကိစ္စမှမရှိတော့ပေ။
[သူသွားချင်နေပြီ]
ကောင်လေးက လက်ကိုင်တန်းကိုအခိုင်အမာကိုင်ဆွဲထားသည်။ ရှင်းလင်းစွာပင် သူ့ခြထောက်များသည်မရပ်မနားတုန်လှုပ်နေဆဲဖြစ်သော်လည်း ရှေ့ကိုဆက်လျှောက်ရန်သာကြိုးစားနေခဲ့ပြီး သူ့ရဲ့မျက်ခွံရှည်ရှည်များသည် တောက်ပနေသည့်မျက်လုံးတစ်စုံကိုမြင်ကွင်းမှဖုံးကွယ်ထားသည်။
121 : [ပစ်မှတ်၏ မျက်နှာသာပေးမှု : 5မှတ်, သူကမင်းကိုဖြတ်လျှောက်တစ်ယောက်လို့ပဲမြင်နေသေးတယ်]
[ငါသိတယ် အဲ့လိုမဟုတ်ရင် မင်းငါ့ကိုမေးမှာတောင်မဟုတ်ဘူး]
ရှဲ့မော့သည်နောက်ဆုံးတွင် လိပ်လမ်းလျှောက်သည့်နှုန်းဖြင့်သူ၏ပန်းတိုင်သို့ ရောက်ရှိသွားတော့သည်။ သူ၏နှုတ်ခမ်းများမှာအံ့သြမှုနေပုံဖြင့်ပွင့်ဟနေခဲ့ပြီး သူ့ရဲ့အပြစ်ကင်းပုံရတဲ့မျက်လုံးတွင်ပျော်ရွှင်မှုတို့ဖြင့်ပြည့်နေခဲ့သည်။
YOU ARE READING
Scum Gong Thought I Was A White Lotus {MM Translation}
RomanceTitle : Even Until Death, The Scum Gong Thought I Was A White Lotus Author(s) : Tang Wei Shuai 糖尾帅 Year : 2018 Original Publisher : jjwxc Start Date : Aug 18, 2021 Update Every Thursday This Story is not mine. I'm just a translator. Give all credits...