Chapter(28.1)

2.9K 372 42
                                        

[Unicode]

ပေါင်ကျွင်အမြန်ခေါင်းခါလိုက်တယ်။
"မဟုတ်ဘူး...အဲ့ဒီလိုမဟုတ်ပါဘူးကွာ..."
သူ့ချစ်သူကိုထိဖို့ကြိုးစားပြီး ဂရုတစိုက်လက်လှမ်းလိုက်တယ်။

"ရှောင်မော့ ကိုယ့်ကိုထန်ထောင်ကဆေးခတ်ခဲ့တာလေ...မင်းလည်းသိတာပဲ အဲ့ကောင်ကအရှက်အကြောက်မရှိတာကို..."

ရှဲ့မော့က ကုသမှုခံယူခဲ့တဲ့စားပွဲရှည်ပေါ်မှာ လှဲနေဆဲဖြစ်သည်။ ပေါင်ကျွင်၏လက်ထိတွေ့မှုကို သူမပုန်းရှောင်ခဲ့ပေမယ့်လည်း အဲ့ဒီလူကိုစိုက်ကြည့်နေခဲ့တယ်။

သူအထက်တန်းကျောင်းမှာတည်းက သဘောကျမြတ်နိုးခဲ့ရတဲ့အဲ့ဒီလူကို သူစေ့စေ့စိုက်ကြည့်နေခဲ့တယ်။

"ပေါင်ကျွင်..."
သူ့အသံက ရေမျက်နှာပြင်ပေါ်ကိုညင်ညင်သာသာသက်ဆင်းလာတဲ့နဂါးပျံတစ်ကောင်နှယ် နူးညံ့လှသည်။
"ခင်ဗျား ကျွန်တော့်ကိုပထမဆုံးတွေ့ခဲ့တဲ့အချိန်လေ အဲ့ဒါဘယ်တုန်းကလဲ?"

ပေါင်ကျွင် သူ့ကိုတင်းတင်းကြပ်ကြပ်ဆွဲဖက်လိုက်ပြီး မျက်လုံးများတွင်စိတ်ပျက်မှုအပြည့်ဖြင့် ပထမဆုံးအကြိမ်အမှန်တရားအတိုင်းထုတ်ပြောခဲ့တယ်။

ဆက်ပြီးလိမ်ပြောနေလည်း အကျိူးမရှိတော့ဘူးဆိုတာကို သူသိနေခဲ့တယ်။

"မင်းကောလိပ်စတက်တဲ့အချိန် ကိုယ်မင်းရဲ့ကျောင်းကိုလာရင်းနဲ့ မင်းကိုတွေ့ခဲ့တယ်"
သူ့စကားကြောင့် ကောင်လေးက ခပ်ဖွဖွလေးပြုံးလိုက်မိတယ်။

"ခင်ဗျား ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ"
သူကပြောတယ်။
"ရည်ရွယ်ချက်ရှိရှိ ကုမ္ပဏီကလူသစ်ခေါ်တဲ့ပုံစံလုပ်ပြီး ရည်ရွယ်ချက်ရှိရှိပဲ ခင်ဗျားကိုကြိုက်အောင်လုပ်ခဲ့တယ်ပေါ့..."

"ရှောင်မော့ ကိုယ်တကယ်အဲ့လိုလုပ်မိခဲ့...."
ဒီလိုပြောပြီးတာတောင် ပြောတဲ့လူကိုယ်တိုင်က ဒီစကားတွေဟာ ယုံချင်စရာမကောင်းဘူးလို့ယူဆမိတယ်။

ဒါပေမယ့် ကောင်လေးကရီမောနေခဲ့တယ်။

သူ့ရဲ့ဖြူ ရော်နေတဲ့မျက်နှာပေါ်မှာ အပြုံးတွေနဲ့သာပြည့်နှက်သွားတယ်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now