Chapter(13)

2.5K 405 26
                                    

[Unicode]

မနက်ကရှဲ့မော့ထွက်မသွားခင် စားပွဲပေါ်တင်ထားခဲ့သည့်စံပယ်ပန်းအိုးမှမွှေးရနံ့တို့က အိမ်ခန်းတစ်ခုလုံးတွင်သင်းပျံ့နေသည်။

လက်ရှိတွင် တံခါးနှင့်မျက်နှာချင်းဆိုင်ရှိ ဆိုဖာအရှည်တစ်ခုပေါ်တွင် တစ်ဦးကအပေါ်၊ ကျန်တစ်ဦးက အောက်မှနေ၍ လူနှစ်ယောက်ထပ်လျက်သားလဲလျောင်းနေပြီး အဝတ်အစားတို့ကလည်း အမြင်မသင့်တော်သည်အထိယိုယွင်းနေသေးသည်။

သွေးဆုတ်ဖြူ ရော်နေသောမျက်နှာဖြင့်ရှဲ့မော့သည် အပေါ်မှနေ၍ဖိထားသည့်လူကိုကြည့်နေခဲ့သည်။

ထိုလူသည် မျက်မှန်ကိုချွတ်လိုက်ပြီး မျက်နှာကလည်း အနည်းငယ်နီရဲနေသည်။ ထိုလူ့လက်တွေက အောက်မှလူ၏အဝတ်အစားတို့အပေါ်တွင် ရှိနေခဲ့သည်။ ရှဲ့မော့က အကြည့်တို့ကိုအောက်ချလိုက်တဲ့အခါ အလွန်လှပသည့်အမျိူးသမီးတစ်ဦး၏ ဝင်းလက်တောက်ပနေသည့်အသားအရည်ကိုမြင်တွေ့လိုက်ရတဲ့အတွက် ဆက်မကြည့်နိုင်တော့ပဲ အဝေးကိုသာအကြည့်လွှဲလိုက်ရတော့သည်။

ထန်ထောင်၏အမြင်အာရုံတို့ ရှင်းလင်းပြတ်သားစွာပြန်လည်ရရှိလာပြီး တပ်မက်မှုများကြားမှာရှုပ်ထွေးနေစဉ် တံခါးအပြင်ဘက်မှရပ်နေသူကို ရှင်းရှင်းလင်းလင်းသတိပြုမိလိုက်သည်။ သူ့အောက်မှာရောက်နေတဲ့အမျိူးသမီးကို အလျင်အမြန်ဘေးသို့တွန်းချလိုက်ပြီး သူ့မျက်လုံးတို့ကတုန်လှုပ်ချောက်ချားလျက်ရှိသည်။ အထစ်ထစ်အငေါ့ငေါ့ဖြင့် ရှင်းပြဖို့ရာသူကြိုးစားခဲ့သည်။
"အချစ် ဒါတွေကမင်းထင်သလိုမဟုတ်ဘူးနော်...မင်းထင်နေသလို တကယ်မဟုတ်..."

"အစ်ကိုထောင် ရှင်ဘာတွေပြောနေတာလဲ? ဒါလေးက ရှင့်ချစ်သူအသစ်ကလေးဆိုတာလား?"

ဒီအခြေအနေမှာရှိနေတဲ့ ယောကျာ်းနှစ်ယောက်နှင့်နှိုင်းယှဉ်ကြည့်လျှင် ထိုအမျိူးသမီးသည် သူတို့လောက်ပင်တုန်လှုပ်နေခြင်းမရှိပေ။ သူမက အေးအေးဆေးဆေးဖြင့်ထိုင်လျက် အဝတ်အစားတို့ကိုပြန်ပြင်နေသည်။ သူမနှုတ်ခမ်းတို့ကို အရူးတစ်ယောက်လိုပွတ်သပ်လျက် တည်ငြိမ်စွာအဖွင့်အပိတ်လုပ်နေရင်း ထန်ထောင်က သူမကိုသေအောင်လုပ်ချင်နေသကဲ့သို့ စကားတို့ကိုစတင်ပြောဆိုလိုက်သည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now