Chapter(37)

2.4K 223 16
                                    

[Unicode]

ဒေါက်တာဂျိူဆယ်လ်သည် ရှဲ့မိသားစုအိမ်တော်တွင်နေထိုင်ရင်း အစီအစဥ္များရေးဆွဲပြီးသည့်နောက်တွင် ရှဲ့မော့ကိုစတင်ကုသမှုပြုလုပ်ခဲ့သည်။

ထိုအချိန်အတွင်း ထိုနေရာတွင် ချန်ချွမ်းရှိမနေသည့်အတွက် ရှဲ့မော့ကို ရှဲ့ရှီကအမြဲလိုလို ကြည့်ရှုစောင့်ရှောက်ပေးခဲ့သည်။

အစပိုင်းတွင် ရှဲ့မော့သည် တူကလေးအမည်ခံ ရှဲ့ရှီက သူ့ကို ကြည့်ရှုစောင့်ရှေုာက်ဖို့ကို ခွင့်မပြုခဲ့ပေ။ ဒီ့မတိုင်ခင်က သူတို့နှစ်ဦးကြား ရင်းနှီးတဲ့ဆက်ဆံရေးမျိူး တစ်စုံတစ်ရာမရှိသည့်အပြင် 'လေးငယ်' ၊ 'တူလေး' အစရှိသဖြင့် အချင်းချင်းခေါ်ဆိုနေစေမူ သွေးသားတော်စပ်ခြင်းမျိူးလည်းရှိမနေပေ။ ယုတ်စွအဆုံး ရှဲ့မော့၏ကိုယ်ရေးရာဇဝင်သည်ပင် ရှဲ့မိသားစုထဲတွင်မရှိပေ။ ရှဲ့မော့သည် ရှဲ့ရှီ၏ကုမ္ပဏီကိစ္စများတွင် သူ့ကိုပါဆွဲထည့်၍ဆုံး​ြဖတ်ချက်ချခိုင်းသည်တို့ကို လုံးဝသည်းမခံနိုင်တော့ပါ။

သို့သော် ကောင်ကလေးက ထိုအချက်ကိုအခိုင်အမာငြင်းဆိုပြန်သည်။

"လေးငယ်...ဒီလောကကြီးမှာ လေးငယ်ကသာ ကျွန်တော့်ရဲ့တစ်ဦးတည်းသောဆွေမျိူးပါ။ ကျွန်တော်တကယ်ပဲ ခင်ဗျားကိုဂရုစိုက်ပေးချင်တယ်"

ဒီစကားကို သူထုတ်ပြောလာချိန်တွင် သူ၏အသွင်က လူငယ်လေးတစ်ယောက်အတွက် ထူး​ြခားသောဆန့်ကျင်မှုများနှင့်ပြည့်နှက်နေသည်။

"လေးငယ်ကို ချန်ချွမ်းဘယ်လိုနေ့တိုင်းဂရုစိုက်ပေးလဲဆိုတာ ကျွန်တော်အားလုံးသိတယ်။ ကျွန်တော်က သူ့ထက်ပိုကောင်းအောင်လုပ်ပေးမယ်လေ..ဒီအတိုင်းလေးပဲ ခင်ဗျားကို ကျွန်တော်ဂရုစိုက်ပေးချင်ရုံပါ.."

ဝှီးချဲပေါ်မှာထိုင်နေသူကို ရှဲ့ရှီက စင်္ကြံလျှေုာက်လမ်းပေါ်တွန်းလာရင်း ရှဲ့မော့သည် ရှဲ့ရှီ​ပြောသမျှကိုနားထောင်နေရင်း အရင်က သူတို့နှစ်ယောက် စကားစမြည်ပြောဆိုခဲ့ကြပုံကို ပြန်တွေးမိသွားသည်။

အမှန်ဆိုရသော် ဒီကလေးသည် မွေးဖွားလာသည့်အချိန်တည်းက မည်သူ့ဆီကမှ သဘောကျခြင်းကို မခံခဲ့ရဖူးပေ။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now