Chapter(41)

1.1K 115 6
                                    

[Unicode]

ရှဲ့မော့သည် အချိန်ကြာမြင့်စွာအိပ်မက်မက်နေသည်ဟုထင်နေပြီး အိပ်မက်ထဲတွင် တစ်စုံတစ်ခုက သူ့ကိုကြောက်လန့်စေကာ သက်တောင့်သက်တာမဖြစ်မှုကိုခံစားရသည်။ သို့ရာတွင် ဘာတွေဖြစ်ခဲ့သည်အတိအကျကို သူမရှင်းပြနိုင်။ မျက်လုံးတွေကိုဖွင့်လိုက်ပြီး သူမမှတ်မိတော့သည့်အိပ်မက်ကို ပြန်တွေးနေမိသည်။

သူနိုးလာလာချင်းမှာ အခန်းတံခါးတွန်းဖွင့်ခံလိုက်ရပြီး ရှဲ့ရှီက ဆေးခွက်ကိုကိုင်၍ဝင်လာကာ သူ့ဘေးတွင်ဝင်ထိုင်လိုက်ပြီး ဆေးများအေးသွားသည်အထိ စိတ်ရှည်လက်ရှည်မှုတ်ပေးနေလေ၏။ ရှဲ့မော့က ရှဲ့ရှီထူးဆန်းနေသည်ဟုမြင်မိသည်။

"လေးငယ် ဒီနေ့အိပ်ပျော်တာပဲနော်"

လူငယ်လေးက ကလေးငယ်တစ်ယောက်လိုတောက်ပစွာပြုံးပြရင်း ရှဲ့မော့ကိုထိုင်ဖို့ကူညီပေးလိုက်ကာ ဆေးခွက်ကိုကမ်းပေးလိုက်သည်။
"လေးငယ် ဆေးသောက်လိုက်ပါဦး...ဆေးသောက်ပြီးသွားရင် လေးငယ်ကိုလမ်းလျှောက်ထွက်ဖို့ ကျွန်တော်ခေါ်သွားမယ်နော်"

ရှဲ့မော့က စိတ်ရှုပ်ကာ မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ဆေးခွက်ကို သံသယကင်းစွာ လှမ်းယူလိုက်ပြီး တစ်လုတ်ပြီးတစ်လုတ် ကုန်စင်သည်အထိသောက်လိုက်သည်။ အိပ်ရာပေါ်ရှိ သူ့ဘေးတွင်ထိုင်နေသောလူငယ်လေးသည် နံရံကိုမှီရင်း သူ့ကိုပျင်းရိစွာကြည့်နေလေ၏။

ဆေးသောက်ပြီးသွားသောအခါ ရှဲ့ရှီသည် သူ့ဘေးတွင်လာရပ်ပြီး သူ့ပေါ်တွင်အုပ်ထားသောစောင်ကိုဆွဲဖယ်လိုက်ရာ ထိုအပြုအမူက သူ့ကိုဆွံ့အသွားစေသည်။

ရှဲ့ရှီက ဘေးဘက်မှနေ၍ ခါးကိုင်းကာ သူ့မျက်နှာရှေ့ကိုတိုးဝင်လာပြီး မြင်ကွင်းကိုပိတ်ကွယ်လိုက်သည့်အတွက် စောင်လွတ်သွားသည့်သူ့ခြေထောက်အခြေအနေကို ရှဲ့မော့မမြင်ရတော့ပေ။

"ဘာဖြစ်လို့လဲ?"

"လေးငယ်"

ရှဲ့ရှီက ရှဲ့မော့ခြေထောက်တွေဘက်ကိုလှည့်ကြည့်လိုက်ပြီး မရိုးမသားပြုံးလျက် သူ့ဘက်ကိုခေါင်းပြန်လှည့်လာကာ
"လေးငယ်ရဲ့ဘောင်းဘီ အရင်လဲဖို့လိုနေပြီမို့ ကျွန်တော်ကူညီပေးမယ်နော်"

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now