Chapter(40)

743 86 9
                                    

[Unicode]

"မင်းဘာကိစ္စ ငါ့ကိုလာရှာတာလဲဆိုတာ ပြောလို့ရပြီ"

ရှဲ့မော့၏ဝှီးချဲလေး လျှောက်လမ်းအကွေ့ထဲချိူးဝင်သွား၍ သူ့မြင်ကွင်းထဲမှပျောက်သွားသည်အထိ ရှဲ့ရှီဆက်လက်ငေးကြည့်နေမိသည်။ ရှဲ့မော့ရဲ့အာရုံစိုက်မှုတွေ ကျန့်ရင်အပေါ်ရောက်သွားသည်ကိုခံစားမိသည့်အတွက် သူ့အာရုံတွေစတင်ထွေပြားလာရသည်။

သူ့အပြုအမူတွေက ကျန့်ရင်ကိုစိတ်ရှုပ်သွား​စေပြီး သူမမျက်လုံးအကြည့်တွေထဲ ရှက်ရွံ့မှုတို့ပေါ်လွင်နေပြီ။ သူမက အသံတီးတိုးဖြင့်
"ကျွန်မက ရှင်နဲ့ခဏလောက်တွေ့ချင်ရုံပါပဲ...ကျွန်မတို့ချင်း မတွေ့ဖြစ်ကြတာည်း အချိန်တွေတော်တော်တောင်ကြာနေပြီလေ"

လူငယ်လေး၏မျက်လုံးအစုံမှာ မငြိမ်မသက်ဖြစ်နေမှုတို့ကအထင်အရှား။

"ငါအလုပ်များနေတယ်လို့ မင်းကိုမပြောထားဘူးလား? မင်းမှာလုပ်စရာမရှိရင်လည်း ဘာလို့ကုမ္ပဏီကိုပြန်မသွားတာလဲ? မင်းအိမ်မှာ နေ့တိုင်းထိုင်နေရတာ အချိန်တွေအရမ်းပိုနေတယ်လို့မခံစားရဘူးလား?"

သူ့အသံက အရမ်းမမာပေမယ့် ကျန့်ရင်မျက်လုံးထောင့်စွန်းတို့က အနည်းငယ်နီရဲနေပြီဖြစ်သည်။

လွန်ခဲ့တဲ့ရက်အနည်းငယ်ကမှ သူမထုတ်​ကြေညာထားခဲ့ဖူးသည့် သူမ၏နူးညံ့ကြင်နာတတ်သောချစ်သူကောင်လေးမှာ ယခုအချိန်တွင်မရှိတော့ပဲ တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်းခံစားလိုက်ရသည်။ အခု သူမရဲ့မာနတွေကို မျိူသိပ်ထားခဲ့ပြီး သူ့ကိုတွေ့ဖို့ အိမ်ရှေ့အရောက်လာခဲ့တာတောင်မှ တောင်းပန်စကားမကြားရသည့်အပြင် သူမအမှားတစ်ခုခုပြုလုပ်မိသည့်နှယ် အပြစ်တင်ပြောဆိုခံနေသည်။

ကျန့်ရင်၏ဘဝတစ်လျှောက်လုံး ဖူးဖူးမှုတ်​မြှောက်ပင့်ခံလာရသည့်အတွက် အခုလိုအပြုအမူမျိူးကို သူမဘယ်လိုမှသည်းမခံနိုင်တော့ပေ။ သူမအသံက အက်ကွဲကျယ်လောင်လာပြီး
"ဒီမတိုင်ခင်က ရှင်ဘာပြောခဲ့သလဲ! ရှင်ပဲပြောတော့ ကျွန်မနဲ့အမြဲအတူတူရှိချင်တာပါဆို...."

ရှဲ့ရှီက သူမနှင့်စကားအချေအတင်ဖြစ်ရန် အစီအစဉ္မရှိ။ သူ၏သည်းခံမှုအတိုင်းအတာသည် တစ်ဖက်လူအပေါ်အမြဲတိုက်ရိုက်အချိူးကျခဲ့သည်သာ။ အခုလည်း ရှဲ့မော့က ရှဲ့မိသားစုကို သူ့လက်ထဲအလွယ်တကူလွှဲပြောင်းပေးခဲ့သည်။ ကျန့်မိသားစုဟာ ကြက်ရိုးတွေလောက်တောင် တန်ဖိုးမရှိတော့သော်လည်း လွှင့်ပစ်ရလောက်သည်အထိ အဖိုးမတန်ခြင်းတော့မဟုတ်။ အမြဲလိုလိုနှစ်သိမ့်ခံဖို့လိုနေတဲ့မင်းသမီးလေးကျန့်ရင်က သူ့အတွက်အသုံးမဝင်တော့ပေ။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now