Chapter(25)

2.2K 314 16
                                    

[Unicode]

အပြင်လောကမှာ ပရမ်းပတာတွေဖြစ်နေပေမယ့် ကောင်လေးကတော့ ဘာကိုမှမသိပဲ မက်မွန်ဥယျာဉ်ထဲမှာပဲ နေ့တိုင်း ငါးစာကျွေးလိုက်၊ ကိုယ်လက်လေ့ကျင့်ခန်းလုပ်လိုက်ဖြင့်သာနေထိုင်နေခဲ့သည်။

နေ့ရက်တိုင်းဟာ တူညီစွာဖြစ်နေသည်။ တစ်နေ့ သုံးနပ်စား၊ လေ့ကျင့်ခန်းလုပ်ကာ ညဘက်ရောက်လျှင် စာရေးစားပွဲတွင်ထိုင်ကာ သူ့ရဲ့နေ့စဉ်ဒိုင်ယာရီကိုရေးသည်။

ရှဲ့မော့ဒိုင်ယာရီကို ပေါင်ကျွင်မကြည့်မိတာအတော်ကြာနေပြီဖြစ်သည်။ သူ့ရဲ့စိုးရိမ်ပူပန်စိတ်ဟာလည်း တဖြည်းဖြည်းပိုဆိုးလာခဲ့သည်။ ကောင်လေးကသူ့ကိုငြီးငွေ့စွာဆက်ဆံလာသည်ကိုလည်း အကြိမ်ပေါင်းများစွာတွေ့လာရသည်။ သို့သော်လည်း ကောင်လေးနှင့်အတူသူရှိနေချိန် သူ့စိတ်ခံစားချက်တွေဘယ်လောက်ဆတ်ဆတ်ထိမခံဖြစ်နေပါစေ စိတ်တည်ငြိမ်အောင်ကြိုးစားကာ သူ့ကိုနူးညံ့စွာပြောဆိုမည်သာဖြစ်သည်။

ရှဲ့မော့ကအကြိမ်ကြိမ်မေးခဲ့သော်လည်း ပေါင်ကျွင်က သူ့ကိုဘာတွေဖြစ်ခဲ့တယ်ဆိုတာပြောပြဖို့ ငြင်းဆန်နေဆဲဖြစ်သည်။

ကောင်လေးရဲ့မျက်လုံးတွေထဲက ဝမ်းနည်းမှုတွေပိုများလာတယ်။ သူ့ချစ်သူရဲ့ဝန်ထုပ်ဝန်ပိုးအချိူ့ ကို သူသက်သာစေလိုသော်လည်း သူကိုယ်တိုင်မှာမူ အပြင်လောက၏ မည်သည့်သတင်းကိုမှမရရှိနိုင်ကြောင်းတွေ့ရှိခဲ့သည်။

ထန်ထောင်ဟာ ပေါင်ကျွင်နှင့်အတူ ငရဲကိုဦးတည်သွားဖို့လုပ်နေတယ်ဆိုတာကိုလည်း သဘာဝကျစွာသူမသိခဲ့ပေ။

ထန်ထောင်က ထန်မိသားစုရဲ့အဆက်အသွယ်အားလုံးကိုအသုံးပြုခဲ့သည်။ ထန်ထောင်က ပေ့င်မိသားစုကိုလက်ဝါးကြီးအုပ်ချင်နေတယ်လို့ လူတိုင်းနီးပါးထင်ခဲ့ကြသော်လည်း ပေါင်ကျွင်တစ်ယောက်သာအမှန်တရားကိုသိမြင်ခဲ့သည်။ ဒီလူသည် အရာရာတိုင်းကိုအသုံးပြုခဲ့သောကြောင့် ပေါင်မိသားစုပြိုလဲသွားလျှင်ပင် ထန်မိသားစု ဒီထက်ပိုကောင်းလာမည်မဟုတ်ပေ။

ယခုအချိန် ပြင်ပလောကတွင်သတင်းအသစ်များထွက်ပေါ်လာရာမှ လုံးဝရှုပ်ထွေးလျက်ရှိသည်။ ထန်ထောင်သည် သူ၏လက်ထဲတွင် မည်သည့်ကတ်ကိုမှချန်မထားခဲ့ပဲ ရှဲ့မော့၏မျက်နှာအစစ်အမှန်ကိုပါပေါက်ကြားစေခဲ့သည်။ တစ်ညတည်းဖြင့် အင်တာနက်သုံးစွဲသူများနှင့်ကြည့်ရှုသူများသည် သူ၏အချက်အလက်အားလုံးနီးပါးကို ဖော်ထုတ်ပြီးသားဖြစ်သည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now