Chapter(5)

3.3K 545 23
                                    

[Unicode]

"တကယ်လို့အစတည်းက သူ့မှတ်ဉာဏ်တွေမတည်ငြိမ်နေဘူးဆိုရင်ရှုပ်ထွေးသွားနိုင်ပြီး သူရှင်းရှင်းလင်းလင်းမစဉ်းစားနိုင်အောင်လုပ်ဖို့ သူတို့အတွက်အခွင့်အရေးရှိတယ်။ တစ်စုံတစ်ယောက်ကသူ့မှတ်ဉာဏ်တွေကိုလမ်းမှားရောက်အောင်ညွှန်ပေးလိုက်ရင် သူ့စိတ်ကသတိထားမိမှာမဟုတ်ပဲ အဲ့ဒီလမ်းကြောင်းအတိုင်းတုံ့ပြန်နေလိမ့်မယ်"

ထန်ထောင်က သူ့ရဲ့စိမ်းပြာရောင်သွေးကြောတွေပေါက်ထွက်လုမတတ်ဖြစ်တဲ့အထိ လက်ကိုင်တန်းကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်သည်။ လေရှူ ထုတ်လိုက်ပြီး သူ့ရဲ့အကောင်းဆုံးစွမ်းရည်တွေနဲ့ခံစားချက်ကိုဖုံးကွယ်ကာ
"ဒါဆို သူအမှန်အတိုင်းပြန်မှတ်မိလာနိုင်သေးလား?"

"ဒါက ဘယ်သူမှသေချာအတပ်မပြောနိုင်ဘူး။ ဦးနှောက်ရဲ့လုပ်ငန်းစဉ်တွေကရှုပ်ထွေးလွန်း..."

"သူငယ်ချင်းတစ်ယောက်အနေနဲ့ ငါပေးနိုင်တဲ့အကြံပြုချက်အကုန်လုံးကို ပေးခဲ့ပြီးပြီ။ တကယ်လို့မင်းရဲ့ကိုယ်ပိုင်အစီအစဉ်အတိုင်းဆက်လုပ်ဖို့ဆန္ဒရှိနေသေးတယ်ဆိုရင် ငါမကူညီပေးနိုင်တော့တဲ့အတွက်စိတ်မကောင်းပါဘူး။ ဒါပေမယ့် ထန်ထောင်...မင်းဒါနဲ့ပတ်သက်ပြီး နောင်တရလိမ့်မယ်လို့ငါခံစားမိနေတယ်။ မင်းကလူတစ်ယောက်အဖြစ်ဆက်ဆံခံရတာမဟုတ်ပဲ အဲ့ဒါက..."

"ထန်ထောင်"
ရှဲ့မော့၏အသံလွင်လွင်လေးထွက်လာခဲ့သည်။ ထန်ထောင်ရဲ့လက်တွေတုန်သွားပြီး ဖုန်းကိုချက်ချင်းပိတ်ချလိုက်သည်။ သူကခေါင်းလှည့်လိုက်ပြီး အသံလာရာကိုကြည့်လိုက်တယ်။ ကောင်လေးကဧည့်ခန်းထဲတွင်မတ်တပ်ရပ်နေခဲ့ပြီး သူ့ကိုပြုံးပြကာကြည့်နေလေသည်။

"စားကြစို့လေ ကျွန်တော်ချက်လို့ပြီးပြီ"

သူပြန်မှတ်မိခဲ့တဲ့မှတ်ဉာဏ်အချိူ့ ကြောင့် ရှဲ့မော့ကနှလုံးသားတစ်ခုလုံးနှင့်ရင်း၍သူ၏ကောင်လေးအဖြစ်လက်ခံလိုက်သည်။ သုံးနှစ်ကြာပြီးနောက်မှာ သူ့ကိုအနိုင်ကျင့်ခဲ့တဲ့ထန်ထောင်နှင့်အတူနေရမယ်လို့ သူတစ်ခါမှမမျှော်လင့်ခဲ့ဖူးပေ။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now