Chapter(6)

3.1K 507 21
                                    

[Unicode]

"ရှဲ့မော့"

လူတစ်ယောက်၏ပျော်ရွှင်မှုကင်းမဲ့နေသော နက်ရှိုင်းသည့်ခေါ်သံထွက်လာတဲ့အခါမှ လူငယ်လေးကသူ့ရဲ့လက်ရှိအခြေအနေကိုပြန်သတိရလိုက်သည်။

သူကထန်ထောင်၏ပွေ့ဖက်ထားမှုကြားမှ ရုန်းထွက်လိုက်ပြီး ပေါင်ကျွင်ကိုတလေးတစားနှုတ်ဆက်လိုက်သည်။
"ဟဲလို အစ်ကိုပေါင်"

လူငယ်လေးကသူ့ရဲ့နှုတ်ခမ်းတွေကို အသာအယာဖိကိုက်လိုက်သည်။ သူ့ရှေ့မှာရှိနေတဲ့လူသည် သူ့ကိုအကျိူးဆောင်ပေးနိုင်မည့်လူဖြစ်ပြီး ထိုလူသည်လည်းချစ်သူတစ်ယောက်ကိုတွေ့လိုက်သကဲ့သို့ သူ့အားမခွာတမ်းကြည့်နေခဲ့သည်။

ရှဲ့မော့နှင့်အတူ ပေါင်ကျွင်နေခဲ့သည့်အချိန်ပမာဏသည်အရမ်းမတိုတောင်းခဲ့ပေ။ သူ့ရဲ့အမှတ်တရတွေကိုတကူးတကမှတ်မိဖို့ကြိုးစားမနေခဲ့သော်လည်း ရှဲ့မော့၏အပြုအမူ၊ အမူအယာတို့နှင့်တွဲစပ်ထားသောအဓိပ္ပါယ်အားလုံးကို သူရှင်းလင်းစွာမှတ်မိနေဆဲဖြစ်သည်။

အခုသူ့မျက်လုံးတွေက ဆေးရုံမှာတွေ့ခဲ့ရတဲ့ရင်းနှီးမှုနဲ့ မှီခိုအားထားမှုတို့အရိပ်အယောင်ပင်ရှိမနေတော့ပဲ မရင်းနှီးတဲ့သူစိမ်းတစ်ယောက်အပေါ်ယဉ်ကျေးစွာပြုမူနေသည့်ပုံစံတို့သာရှိနေခဲ့သည်။

"ပေါင်ကျွင်?"
ထန်ထောင်ရဲ့မျက်လုံးတို့ကစူးရှနေပြီး လူငယ်လေးကိုကြည့်နေတဲ့တစ်ဖက်လူရဲ့နက်နဲသောအကြည့်တို့ကိုသတိထားမိသွားသည်။ သူ့ရဲ့နှလုံးသားလေးနစ်မြုပ်သွားပြီး ရှဲ့မော့ကိုသူ့ဆီသို့ပြန်ဆွဲယူလိုက်သည်။

"မလုပ်နဲ့ ဒီမှာတစ်ခြားတစ်ယောက်ရှိနေတယ်လေ..."

သူ့ချစ်သူသည် စိတ်အနှာင့်အယှက်ဖြစ်နေပြီးရှက်နေကာ ထပ်မံရုန်းထွက်ချင်နေပြန်သည်။

"မင်းဘာတွေစိုးရိမ်နေတာလဲ? ပေါင်ကျွင်ဆိုတာ ကိုယ်တို့ရဲ့အခြေအနေကို အနှေးနဲ့အမြန် အသိပေးရမယ့် ကိုယ့်ရဲ့ညီအစ်ကိုကောင်းပဲ"

ထန်ထောင်က အပြုံးတစ်ခုကိုနှုတ်ခမ်းတို့ပေါ်တွင်ဆင်မြန်းထားရင်း နူးညံ့သိမ်မွေ့သည့်မျက်နှာထားဖြင့်စကားပြောနေစဉ် သူ့လက်မောင်းတို့ကကောင်လေး၏လည်ဂုတ်ကို ပိုင်ဆိုးပိုင်နင်းဖြင့်လှမ်းဖက်ထားသေးသည်။ ထို့နောက် နှုတ်ခမ်းထောင့်စွန့်တို့ကမထီပြုံးတို့လှစ်ဟလိုက်ပြီး သူ၏ငယ်သူငယ်ချင်းရှိရာသို့စူးရှသည့်အကြည့်တို့ဖြင့်လှမ်းကြည့်လိုက်သည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now