Chapter(30) //Arc.1 End

5.3K 430 48
                                    

[Unicode]

ပေါင်ကျွင့်လက်တွေတောင့်တင်းသွားပြီး သူ့လက်ချောင်းတွေအနည်းငယ်လှုပ်ခတ်သွားတယ်။

ဟင့်အင်း ဒါမဖြစ်နိုင်ဘူး...

ဒါက ဘယ်လိုလုပ်ဒီလိုဖြစ်သွားရတာလဲ...

ရှောင်မော့ကိုကယ်တင်ဖို့အတွက် သူအလိမ်အညာတစ်ခုကိုပြုလုပ်ခဲ့တယ်။ ဒါပေမယ့် အဲ့ဒါကပဲသူထွက်သွားရတဲ့အကြောင်းပြချက်ဖြစ်နေပြန်တယ်...

ပေါင်ကျွင့်တစ်ကိုယ်လုံးတုန်လှုပ်သွားတယ်။
"ရှောင်..ရှောင်မော့..."

ပေါင်ကျွင်အော်ဟစ်နေခဲ့ပေမယ့် တစ်ချိန်ကရီမောပြီးလှည့်ကြည့်လာနေကျကလေးငယ်ဟာ သူ့အသံကို ဘယ်တော့မှထပ်၍တုံ့ပြန်နိုင်တော့မည်မဟုတ်ပေ။

သူ့ရဲ့ငှက်ငယ်လေးဟာ အဝေးကိုပျံထွက်သွားခဲ့ပြီ...

နာကျင်ရတယ်...အဲ့ဒါသိပ်နာကျင်ရတယ်...

ပေါင်ကျွင့်နှုတ်ခမ်းတွေတုန်ခါနေလျက် သူ့လက်တွေကနှလုံးသားရှိရာကိုဖိထားတယ်။

နောက်ဆုံးတော့ သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာထဲအထိ ဓားနဲ့လုံးဝအထိုးခံလိုက်ရပြီ။

နာကျင်မှုက ပြင်းထန်လာတယ်။

-- ဒီအိပ်မက်က သိပ်ကြောက်ဖို့ကောင်းလွန်းတယ်။ ဒါသာတကယ်ဖြစ်နေမယ်ဆိုရင် ကိုယ်တကယ်သေသွားလိမ့်မယ်...

ပေါင်ကျွင်အလွန်တုန်လှုပ်ချောက်ခြားနေပြီး နီရဲနေတဲ့မျက်လုံးတွေနဲ့အတူ သူ့အသံတွေကလည်းတုန်ခါလျက်ရှိတယ်။
"ဒီအိပ်မက်ကနိုးထလိုက်ပါတော့...ဘာလို့လဲဆိုတော့ ကိုယ်..."

"ကိုယ့်ကြောင့်..."

"ဟင့်အင်း...မဟုတ်ဘူး...ကိုယ့်ရဲ့ဒါလင်က သေဆုံးသွားခဲ့ပြီးပြီ...မဖြစ်နိုင်ဘူး....မဟုတ်..."

ထန်ထောင့်လက်တွေက ခြံစည်းရိုးကိုဆုပ်ကိုင်မိထားတဲ့အတိုင်း သွေးတွေနဲ့ဖုံးလွှမ်းနေတယ်။ သူ့မျက်လုံးတွေထဲမှာ ရူးသွပ်မှုအရိပ်အယောင်တွေမရှိတော့ပေမယ့် သူ့ပုံစံက လက်ရှိဖြစ်ပျက်သွားတဲ့ပရမ်းပတာအခြေအနေအပေါ် လက်မခံနိုင်ပဲဖြစ်နေပုံပေါ်သည်။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now