Chapter(7)

2.9K 490 31
                                    

[Unicode]

ဒီညလည်း ပေါင်ကျွင်အချိန်ပိုဆင်းနေရပြန်သည်။

အကြောင်းအချိူ့ ကြောင့် သူအမြဲတမ်းပင်ပန်းနေရသည်။ ကုမ္ပဏီမှာအလုပ်ပြန်ဆင်းတဲ့အချိန်ကစပြီး သူ့ရဲ့ပုံမှန်အားလပ်ရက်Activityတွေထက် ရုံးမှာပဲညဉ့်နက်တဲ့အထိအချိန်ပိုဆင်းကာအလုပ်လုပ်နေခဲ့သည်။ သူ့လိုသန်မာတဲ့လူတစ်ယောက်ကတောင် နဖူးမှာပင်ပန်းနွမ်းနယ်တဲ့ပုံရိပ်တွေကိုပြသနေခဲ့တယ်။

ထိုလူက စားပွဲခုံကိုခေါက်ပြီးပြောလိုက်တယ်။
"ကော်ဖီ"

ရုံးဆင်းချိန်ကတည်းကစောင့်ကြည့်နေတဲ့အတွင်းရေးမှူးက ချက်ချင်းကော်ဖီယူလာလိုက်တယ်။ သူကကော်ဖီကိုစားပွဲခုံပေါ်တင်လိုက်တာနဲ့ ပေါင်ကျွင်ကပါးစပ်အပြည့်တရွှိုက်သောက်လိုက်ပြီး ဖြောင့်တန်းနေတဲ့မျက်ခုံးတို့ကိုကျုံ့သွားသည်။
"မင်းကို သကြားထည့်ဖို့ဘယ်သူခွင့်ပြုလို့လဲ?"

"တောင်း...တောင်းပန်ပါတယ် အစ်ကိုပေါင်..."

အတွင်းရေးမှူးက အနည်းဆုံးညလုံးပေါက်နီးပါးနိုးနိုးကြားကြားဖြစ်အောင်နေနေရပြီး သူ့ရဲ့အိပ်ငိုက်မှုကိုကြာမြင့်စွာဖုံးကွယ်မထားနိုင်သော်လည်း ထိုအေးစက်တဲ့အသံကိုကြားလိုက်ရတဲ့အခါ သူ့အသွင်အပြင်ကတုန်လှုပ်သွားပြီး မရပ်မနားစတင်တောင်းပန်တော့သည်။

ပေါင်ကျွင်ကအေးတိအေးစက်မျက်နှာဖြင့် ကော်ဖီကိုချလိုက်ပြီး
"ရပြီ အလုပ်ဆင်းလိုက်တော့"

ထိုအခါမှ အတွင်းရေးမှူးလည်းအသက်ချမ်းသာရာရသွားသလိုသက်ပြင်းချလိုက်ပြီး နှင်ထုတ်ချင်နေတဲ့သူဌေးရဲ့ဆုံးဖြတ်ချက်ကိုလျစ်လျူ ရှုလိုက်ကာ သူ့ပစ္စည်းတွေချက်ချင်းကောက်သိမ်းလိုက်သည်။

သူ့အတွက် တစ်ပတ်နီးပါးအလုပ်လုပ်ပြီးတာတောင် ကော်ဖီထဲသကြားမထည့်ရဘူးလားကိုပင် ထိုလူမသိခဲ့ပေ။ ဒီလိုအတွင်းရေးမှူးမျိူး သူဘာကြောင့်လိုနေဦးမှာလဲ!

အတိတ်၏အစပိုင်းနေ့ရက်များမှလွဲ၍ သူ့အတွင်းရေးမှူးအဖြစ်ရှဲ့မော့သည် မည်သည့်အမှားကိုမှမပြုလုပ်ခဲ့ပေ။ သူကတခြားလူတွေနဲ့လုံးဝမတူခဲ့ဘူး။

Scum Gong Thought I Was A White Lotus {MM Translation}Where stories live. Discover now