[Unicode]
ရှဲ့မော့၏အထက်တန်းကျောင်းသားဘဝသည် ဘေစင်ထဲကရေကန်ငယ်တစ်ခုနှင့်တူခဲ့သည်။
သူတို့အတန်း၏ အတန်းခေါင်းဆောင်တာဝန်ယူကာစထန်ထောင်ကို တစ်နည်းနည်းဖြင့်စိတ်အနှောင့်အယှက်ဖြစ်စေခဲ့ရာမှ နောက်ပိုင်းကာလတွင် သူ့အတွက်ငြိမ်းချမ်းမှုဆိုတာ မရှိတော့ပေ။
အိမ်သာထဲတွင်သော့ပိတ်ခံရကာ ရေအပြည့်ပါသည့်ရေပုံးဖြင့်လောင်းချခံရသည်။ အပိုင်းပိုင်းစုတ်ပြဲနေသည့်အိမ်စာတို့ကိုလည်းလိုက်ကောက်ရသည်။ သူ့ရဲ့စောင်ဟာလည်း ညကြီးမင်းကြီးစိုရွှဲနေပြီး ချမ်းချမ်းစီးစီးဖြင့်အိပ်စက်ခဲ့ရသည်။
ရှဲ့မော့အတွက် ထန်ထောင်ဟာ သူ့ဘဝလမ်းကြောင်းတွင် လာပိတ်ဆို့နေသည့်တောင်တစ်လုံးနှယ်ဖြစ်ခဲ့သည်။ သူနဲ့အတူရှိနေသမျှကာလပတ်လုံး ရှဲ့မော့ထံတွင် မျှော်လင့်ချက်တစ်စွန်းတစ်ကိုမျှမြင်နိုင်ခွင့်မရှိခဲ့။
စိတ်သဘောထားကောင်းတဲ့ကောင်လေးက ပြန်လည်ခုခံဖို့ကြိုးစားခဲ့သော်ငြား အဆုံးတွင် သူ့ကိုရှောင်ရှားဖို့နည်းလမ်းတစ်ခုသာရွေးချယ်နိုင်ခဲ့သည်။
သူ့ကိုယ်သူနှစ်သိမ့်အားပေး၍သာ ထိုလူနှင့်ဘယ်တော့မှထပ်မတွေ့နိုင်တော့မည့် ကောလိပ်ပြီးဆုံးရန်အချိန်ကိုစောင့်နေမိသည်။
ဒီအတွေးတွေက ထန်ထောင်နဲ့တခြားလူတွေ အပြင်ခိုးထွက်ကာ သောက်စားမူးရူးလာကြပြီး နံရံပေါ်ကျော်တက်၍ပြန်မလာခင်အထိသာဖြစ်သည်။
သူက ကောင်လေးကို ရေချိူးခန်းထဲဆွဲခေါ်ကာ အားပါပါဖြင့်နံရံပေါ်သို့ဖိကပ်လိုက်သည်။
ထန်ထောင်သည် ရှဲ့မော့၏ကိုယ်ပေါ်မှအဝတ်တွေကိုဆုတ်ဖြဲလိုက်ကာ ကောင်လေး၏နူးညံ့သောနှုတ်ခမ်းတို့ကိုနမ်းရန်ကြိုးစားနေစဉ် အရက်နံ့ထောင်းထောင်းထနေသည့်နှုတ်ခမ်းတစ်စုံက ရှဲ့မော့မျက်နှာအနှံ့ပြေးလွှားနေခဲ့သည်။
ရှဲ့မော့က သတိရှိရှိရှောင်ရှားနေရင်း ပထမဆုံးအကြိမ်အဖြစ် အရင်လိုတိတ်ဆိတ်မနေတော့ပဲ သူ့ကိုကယ်တင်ပေးရန် တစ်စုံတစ်ယောက်ကိုစတင်အော်၍အကူအညီတောင်းခဲ့သော်လည်း သူ့ရှေ့ကလူသည် ကောင်လေး၏ပါးစပ်ကိုပိတ်ဆို့ခဲ့သည်။
YOU ARE READING
Scum Gong Thought I Was A White Lotus {MM Translation}
RomansaTitle : Even Until Death, The Scum Gong Thought I Was A White Lotus Author(s) : Tang Wei Shuai 糖尾帅 Year : 2018 Original Publisher : jjwxc Start Date : Aug 18, 2021 Update Every Thursday This Story is not mine. I'm just a translator. Give all credits...