၇ (Z+U)

2.5K 320 8
                                    

Zawgyi

ငှက်ပစ်တောင်၏အရှေ့မြောက်ဘက်သို့ဆက်၍လာခဲ့ရာ မြားသဥမင်နှင့်သမီးဝှက်ဥမင်ကိုရောက်သည်။ Ebikeနှစ်စီးကိုယှဉ်လျက်ရပ်ခဲ့ပြီးနောက် အရှေ့မှကော့တော့တော့နှင့်ထွက်သွားသောချမ်းမြေ့စေ၏ကျောပိုးအိတ်အား မင်းဆက်ရာကလှမ်းဆွဲယူလိုက်သည်။

"မင်းဆက်ရာ ... "

"ကျောပိုးအိတ်ကိုကျွန်တော်ကူကိုင်ပေးမလို့ပါ။ စေ လေ့လာချင်တာမှန်သမျှကိုလွတ်လွတ်လပ်လပ်လေ့လာလို့ရတာပေါ့"

ခေါင်းလေးနှစ်ချက်ဆင့်ကာငြိမ့်ပြပြီး ပေါ့ပါးသောခြေလှမ်းတို့နှင့် ဆက်လျှောက်သွားသည့် ချမ်းမြေ့စေနောက်သို့ မင်းဆက်ရာလည်းပဲ ကျောပိုးအိတ်လေးလက်ကကိုင်၍ ခပ်သွက်သွက်လိုက်သွားခဲ့သည်။

"မြားသဥမင်ရော သမီးဝှက်ဥမင်​ရောက နရပတိစည်သူမင်းကြီးတည်ခဲ့တာ။ ငှက်ပစ်တောင်သမိုင်းနဲ့လည်းဆက်စပ်နေတယ်။ ရှေးခေတ်ပုဂံပြည်သူပြည်သားတွေကို ကျားကြီး၊ငှက်ကြီး၊ဝက်ကြီးနဲ့ရှူးပျံကြီးတို့ကဒုက္ခပေးနေတဲ့အချိန်ပေါ့။ အဲ့ဒီထဲမှာငှက်ကြီးကအဆိုးဆုံးဖြစ်ပြီး ငှက်စာအဖြစ်တစ်ပတ်ကိုသမီးကညာ၇ဦးဆက်သရတယ်တဲ့။ အဲ့ဒီလိုဆိုးတဲ့ငှက်ကြီးကိုပစ်ခွင်းဖို့အတွက် ပျူစောထီးမင်းမြားချွန်တဲ့နေရာကိုမြားသဥမင်လို့နာမည်တွင်ပြီး ငှက်ကြီးရဲ့ရန်ကြောင့်သမီးမိန်းကလေးတွေဝှက်ထားရတဲ့ဥမင်ကို သမီးဝှက်ဥမင်လို့နာမည်တွင်ခဲ့တယ်"

ဥမင်နှစ်ခုလုံးမှာ သဲကျောက်နံရံများကိုထွင်း၍ အခန်းငယ်များဖွဲ့ကာ ရဟန်းတော်တို့သီတင်းသုံးရန်စီမံထားရှိသည်။ သမီးဝှက်ဥမင်အတွင်း ပုဂံခေတ်နှင့်အင်းဝခေတ်နံရံဆေးရေးများကိုတွေ့ရပြီး လှိုဏ်ဂူထဲရှိ အင်းဝခေတ်ကရေးထိုးခဲ့သည့်ကျောက်စာအရ ထိုခေတ်က ဝမ်းဘဲကျဥမင်ဟုခေါ်တွင်ကြောင်းကိုလည်း မင်းဆက်ရာကရှင်းပြသည်။ ထို့အတူ မြားသဥမင်အတွင်း၌လည်း ပုဂံခေတ်ဆေးရေးပန်းချီများကိုတွေ့ရသည်။

"ဗိုက်ဆာပြီလား စေ"

"မဆာသေးဘူးခင်ဗျ။ နေတော့ တော်တော်ပူလာပြီခင်ဗျာ"

လှည်းဝင်ရိုးသံ (COMPLETED)Where stories live. Discover now