၃၅ (Z+U)

1.9K 272 6
                                    

Zawgyi

(mediaကသီချင်းလေးနားထောင်ရင်းဖတ်နော်)

🎶 ဧပရယ်နွေလယ်မှာ ရင်ခုန်ပျော်စရာ ဒီသင်္ကြန်

တစ်နှစ်တစ်ခေါက်ရောက်လို့လာ အားလုံးရဲ့နှစ်သစ်ချိန်မှာ

အတူတူဆုံခဲ့သော ရင်တွေခုန်ခဲ့သော ဒီသင်္ကြန်

အမှတ်တရအိပ်မက်မှာ အမြဲတမ်းပဲသတိရနေမှာ 🎶

ဒုတိယအကြတ်နေ့ဖြစ်သည်။ မျိုးကျော့မြိုင်ရဲ့အမှတ်တရသင်္ကြန်သီချင်းသံနှင့် ကွေးနေအောင်က,သော လွင်ဦးကိုကြည့်ပြီး ချမ်းမြေ့စေတစ်ယောက် အရယ်မရပ်နိုင်ဖြစ်နေရသည်။ ရန်မျိုးအောင်က အသံချဲ့စက်ကိုတာဝန်ယူထားပြီး ဟိန်းသန့်ကတော့ ရေခဲရေအေးအေးနှင့် ကောင်မလေးတွေကိုခပ်ဖြည်းဖြည်းလောင်းကာ ချစ်တတ်သောအစ်ကိုကြီးအဖြစ်ဟန်ဆောင်နေပါသည်။

စတုတိသာလုပ်မည့်အစီအစဉ်ကို မနက်ဖြန်မနက်ပိုင်းရွှေ့ဆိုင်းလိုက်သဖြင့် လုပ်အားပေးစရာမရှိတော့တဲ့ပုဂံသားများမှာ လမ်းလျှောက်သင်္ကြန်မဏ္ဍပ်တွင် စိတ်တိုင်းကျကဲချင်တိုင်းကဲနေကြ၏။

"စေ …"

"ခင်ဗျာ"

ထူးသံနှင့်အတူ မဏ္ဍပ်အတွင်းကိုဝင်လာသောချမ်းမြေ့စေမှာ တစ်ကိုယ်လုံးရေရွှဲနေရုံမက နဖူးပေါ်ကဆံစများကလည်းရေတစ်စက်စက်ကျနေခြင်းကြောင့် မိုးမိထားသောကြွက်စုတ်ကလေးနှင့်ပင်တူနေသေးသည်။

"အချမ်းပြေကော်ဖီဖျော်လာပေးတယ်"

"ကျေးဇူးတင်ပါတယ် မင်းဆက်ရာ"

ချမ်းမြေ့စေက မင်းဆက်ရာလက်ထဲကကော်ဖီကိုတစ်ကျိုက်တည်း​မော့သောက်ပြီး လမ်းသွားလမ်းလာများကိုကြည့်ရင်း​ပြောသည်။

"လူတွေအများကြီးပဲနော်"

"ဟုတ်တယ် စေရဲ့ … သင်္ကြန်ကာလဆိုပုဂံမှာဧည့်ကျတယ်လေ။ တစ်ခါတစ်လေ ဟိုတယ်နဲ့ဘုန်းကြီးကျောင်းတွေမှာနေရာလွတ်မရှိလို့ လူနေအိမ်တွေမှာတည်းရတဲ့အထိပဲ"

"ဒီမှာအခြေချရရင်ကောင်းမယ် … နှစ်တိုင်းသင်္ကြန်ကျချင်လို့"

"ကျွန်တော်နဲ့လက်ထပ်ပြီးရင် ဒီမှာပဲအခြေချရမှာ​လေ"

မင်းဆက်ရာစကားကြောင့် ချမ်းမြေ့စေက နှာခေါင်းရှုံ့ပြီး မဏ္ဍပ်ရှေ့ကိုပြန်ထွက်ဖို့ခြေလှမ်းပြင်သည်။

လှည်းဝင်ရိုးသံ (COMPLETED)Où les histoires vivent. Découvrez maintenant