၂၆ (Z+U)

2.3K 305 12
                                        

Zawgyi

"ဒီနေ့နေ့လည်အားလား ... သား ... ဖေဖေ ပုဂံရောက်နေတဲ့အန်ကယ်ဂျွန်းနစ်ဆီအလည်သွားချင်လို့"

ဟင်းချိုခပ်သောက်နေတဲ့ မင်းဆက်ရာက ဦးမျိုးမာန်ဆက်ရဲ့မေးခွန်းကို ခေါင်းတစ်ချက်ငြိမ့်ကာတုန့်ပြန်ပြီး ...

"၁၀နာရီခွဲကျရင်တော့ ချိန်းထားတာတစ်ခုရှိတယ် ဖေဖေ၊ အခုတစ်ခါတည်းသားနဲ့လိုက်ခဲ့ပါလား၊ သားဝင်ပို့ပေးခဲ့မယ်လေ"

"ဟုတ်သားပဲ ဖေဖေရဲ့ ... အန်ကယ်ဂျွန်းနစ်နဲ့ကလည်း မတွေ့ရတာ​ခြောက်နှစ်​လောက်ရှိပြီမဟုတ်လား ... တစ်နေကုန်သာအေးဆေးတွေ့ခဲ့လိုက်၊ ညနေ မင်းဆက်ဟိုတယ်ကအပြန်မှဝင်ခေါ်လိမ့်မယ်"

မနက်ခင်းဝေလီဝေလင်းမှ ခရီးကပြန်ရောက်သောနန်းဆက်ရာရဲ့အကြံပြုချက်ကြောင့် ဦးမျိုးမာန်ဆက်က ဂျွန်းနစ်ဆိုသောမိတ်ဆွေဖြစ်သူအား ဒီနေ့တစ်နေကုန်အပြင်ထွက်မလည်ဖို့နှင့် ဟိုတယ်ကိုလာလည်မည်ဖြစ်ကြောင်းကို ဖုန်းဆက်ပြောလေသည်။

"အဆင်ပြေတယ် ... သူစောင့်​နေမယ်တဲ့၊ ဒါဆို ဖေဖေအဝတ်သွားလဲလိုက်မယ်၊ သား ခဏစောင့်နေဦး"

"ဟုတ်ကဲ့"

ဦးမျိုးမာန်ဆက် အခန်းထဲဝင်သွားသည်နှင့် နန်းဆက်ရာက မင်းဆက်ခေါင်းကို ဒေါက်ခနဲမြည်အောင်ခေါက်သည်။

"အားးး ... နာတယ်ဗျ မမနန်းရ"

"နင် မနေ့ညကအရက်တွေမူးအောင်သောက်လာတယ်ဆို"

"ဟုတ်ရင်လည်းဟုတ်မှာပေါ့ ... ကျွန်တော်မမှတ်မိ​တော့ဘူး"

မနေ့ညက သူစတင်လိုက်သည့်အဆွေးသီချင်းဆိုပွဲတွင် ဟိန်းသန့်နှင့်လွင်ဦးသာမက စီနီယာဂျီဝူးလည်းပါဝင်လာခဲ့သည်။ ထိုမျှမက မိန်းကလေးနှစ်ယောက်ကပါ အလယ်တန်းတုန်းကနှစ်ယောက်ပြိုင်တူသဘောကျခဲ့သော ကိုးတန်းအစ်ကိုကြီးကိုလွမ်းလို့ဆိုပြီး သီချင်းထဆိုကြပြန်သည်။ တရားဝင်ပိုင်ရှင်မရှိသေးသော ခင်ပိုးအိကကိစ္စမရှိပေမယ့် ရွှေသွန်းစံကတော့ ရန်မျိုးအောင်၏စိတ်ကောက်ခြင်းကိုခံလိုက်ရသည်။ ထို့နောက် မင်းဆက်နှင့်ဟိန်းသန့်က ချမ်းမြေ့စေနှင့်စီနီယာကို ဟိုတယ်ပြန်ပို့ပေးခဲ့ပြီး သူတို့နှစ်ယောက်ကတော့ ညစာစားပွဲကိုပြန်ကာ သူငယ်ချင်းခြောက်ယောက်လုံးရဲ့သဘောတူညီချက်နှင့် အရက်ဝိုင်းထောင်ခဲ့ကြခြင်းဖြစ်သည်။ နောက်ပိုင်းကိစ္စများအား မင်းဆက်လုံးဝမမှတ်မိတော့ပါ။

လှည်းဝင်ရိုးသံ (COMPLETED)Место, где живут истории. Откройте их для себя